Tuesday, July 02, 2013

ထိုင်းနိုင်ငံ၏ ပထမဆုံးအမျိုးသမီးကာကွယ်ရေး ဝန်ကြီးအဖြစ် ရင်လပ်တာဝန်ယူ


Tuesday, July 2, 2013

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင်လပ်ရှင် နာဝပ်ထရာသည် အစိုးရ အဖွဲ့အားလုံး၏  ထောက်ခံချက် ဖြင့် ထိုင်းနိုင်ငံ ၏ ပထမဆုံးအမျိုးသမီး ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းဘုရင် ဘူမိဘော အဒူလ်ယာဒက်က အတည်ပြုပေးလိုက်သည့် ဇွန် ၃ဝ ရက် အစိုးရအဖွဲ့အပြောင်းအလဲ လျာထားစာရင်းတွင် ရင်လပ်သည် ၎င်း၏ မူလတာဝန် ဖြစ်သည့် ဝန်ကြီးချုပ် ရာထူးအပြင် ကာကွယ်ရေး ဝန်ကြီး တာဝန်များကိုပါ ပူးတွဲထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။



ထို့အပြင် နိုင်ငံတော် ကာကွယ်ရေး အတွက် လက်နက စနစ်များနှင့် စစ်ဘက် အသုံးအဆောင် ပစ္စည်းများ ဝယ်ယူရေးဆိုင်ရာများတွင် ရင်လပ်အား ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် အငြိမ်းစား ဗိုလ်ချုပ်ကြီးယွတ်သာ ဆက်ဆာဆီ ပရာပါအား ဒုတိယကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

ရင်လပ်သည် ကာကွယ်ရေးကောင်စီတွင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီးလစဉ်ကာကွယ် ရေး ကောင်စီ အစည်းအဝေးများကျင်းပကာ နှစ်စဉ် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များအားအပြောင်းအလဲ
 ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။  

မြ၀တီ

No comments: