Tuesday, July 2, 2013
အီရန် ရေတပ် ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ်ကြီး ဟက်ဘစ် ဘိုလာရှ်ဆေးယာရီ သည် ရုရှား ရေတပ်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ ဇူလိုင် ၂ ရက်တွင် သွားရောက်မည် ဖြစ်ပြီး ရုရှား နိုင်ငံတွင် ပြုလုပ်သော ကာကွယ်ရေးပစ္စည်းအရောင်း ပြပွဲသို့လည်း တက်ရောက်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၁ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
အီရန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ ပူးပေါင်းလျက် ကက်စ်ပီယန် ပင်လယ်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို ကျင်းပပြုလုပ်သွားရန် စီစဉ်ထားရှိကြောင်း ရုရှားနိုင်ငံ၏ ကက်စ်ပီယန် ပင်လယ် ရေယာဉ်စု ဒုတိယတပ်မှူးနီကို လိုင်းယာ ကူဘော့ဗ်စကီက ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ကပင်အီရန်ရေတပ်သည် နိုင်ငံတကာ ရေပိုင်နက်အတွင်း ရေကြောင်း သွားလာရေး လမ်းကြောင်းများ ထိန်းသိမ်းရေးနှင့် ကုန်တင်သင်္ဘောကြီးများနှင့် ဆီတင် သင်္ဘောကြီး များအား ကာကွယ်စောင့်ရှောက်မှုများ တိုးမြင့်လုပ်ဆောင်ခဲ့သည်။
ထိုကဲ့သို့ အီရန်ရေတပ်ကလုပ်ဆောင်နေမှုသည် နိုင်ငံတကာ ရေပိုင်နက်အတွင်း ငြိမ်းချမ်းရေးနှင့် အခြား နိုင်ငံများနှင့် ရင်းနှီးချစ်ခင်မှုရရှိရေးတို့အတွက် ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment