Tuesday, July 2, 2013
ဟောလီးဝုဒ် မင်းသမီးချော ကီးရာနိုက်တလေသည် The Other Typist ဇာတ်ကားကို သရုပ်ဆောင်၍ ကိုယ်တိုင်ရိုက်ကူး ထုတ်လုပ် သွားမည်ဟု သိရသည်။ Klaxons အဖွဲ့မှ စန္ဒရား ပညာရှင် ဂျိမ်းစ်ရိုက်တန်နှင့် မကြာသေးမီကလက်ထပ်ခဲ့သော ကီးရာသည် စာရေးဆရာ ဆူဇန်နီရင်းဒယ်လ် ရေးသားထားသော The Other Typist ဇာတ်ကားကို ထုတ်လုပ်သူအဖြစ် ဆောင်ရွက်သွားမည့်အပြင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်
သွားမည်ဖြစ်သည်။
The Other Typist ဇာတ်ကားကို ပြီးခဲ့သည့် မေလက Amy Einhorn စာအုပ်တိုက်မှ ထုတ်ဝေခဲ့ပြီး ရဲစခန်း တစ်ခုတွင် စာစီစာရိုက် အလုပ်ကိုလုပ်သော တစ်ကိုယ်တည်းသမား တစ်ဦးနှင့် သူနှင့် အတူတွဲ၍ အလုပ် လုပ်သော လှပသည့် နားလည်ရခက်သူ ပဟေဠိ ဆန်သည့်သူ တစ်ဦးတို့၏ အချစ်ရေးကို ရေးဖွဲ့ထားခြင်း ဖြစ်ကြောင်း The Hollywood Reporter က ဖော်ပြခဲ့သည်။
ကီးရာနိုက် တလေနှင့်အတူ ယင်းဇာတ်ကား၌ ခရစ္စပိုင်းက သရုပ်ဆောင်သွားမည် ဖြစ်ပြီး ၎င်းဇာတ်ကားကို ယခုနှစ် ဒီဇင်ဘာလတွင် ဖြန့်ချိနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment