Tuesday, July 02, 2013

ဥရောပ သမဂ္ဂအဖွဲ့သို့ ခရိုအေးရှား ဝင်ရောက်


Tuesday, July 2, 2013

ခရိုအေးရှား နိုင်ငံသည် ဇူလိုင် ၁ ရက်မှစ၍ ဥရောပသမဂ္ဂ၏ (၂၈) နိုင်ငံမြောက်အဖွဲ့ဝင်သစ် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ဘူလ်ဂေးရီးယားနှင့် ရိုမေးနီးယား နှစ်နိုင်ငံတို့သည် ၂ဝဝ၇ ခုနှစ်တွင် ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာပြီး နောက်ပိုင်းတွင် ခရိုအေးရှား နိုင်ငံသည်ဥရောပသမဂ္ဂသို့ ပထမဆုံး ဝင်ရောက်လာသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။


လူဦးရေ ၄ ဒသမ ၄ သန်းရှိသည့် ခရိုအေးရှား နိုင်ငံသည် ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန်   ယူဂိုဆလား ဗီးယား နိုင်ငံမှ ခွဲထွက်ခဲ့သော နိုင်ငံခုနစ်နိုင်ငံအနက် ဒုတိယမြောက် နိုင်ငံဖြစ်၍ ပထမဆုံး ခွဲထွက်ခဲ့သော နိုင်ငံမှာ ဆလိုဗေးနီးယား နိုင်ငံဖြစ်ပြီး ၂ဝဝ၄ ခုနှစ်တွင် ခွဲထွက်ခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments: