Tuesday, July 02, 2013

တရုတ်နိုင်ငံတွင် ရေကြီးမှုကြောင့် တစ်ရက်တည်း၌ လူပေါင်း ၁၅၇ ဦး သေဆုံး


Tuesday, July 2, 2013

တရုတ်နိုင်ငံတွင် ရေကြီးမှုများကြောင့် ဇူလိုင် ၁ ရက်နေ့ တစ်ရက်တည်း၌ လူပေါင်း ၁၅၇ ဦး သေဆုံးခဲ့ ကြောင်း တရုတ် ရေဘေး ကယ်ဆယ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ ရေကြီးမှုကြောင့် ပြည်နယ်၂၆ ခုရှိ ဒေသခံ ပြည်သူပေါင်း၂၇ ဒသမ ၁၉ သန်းမှာဒုက္ခခံစားခဲ့ရ ကြောင်း သိရသည်။


ထို့အပြင် လယ်မြေ ဟက်တာပေါင်း ၁ ဒသမ ၈၆ သန်းနှင့် လူနေအိမ်ပေါင်း ၆ဝဝဝဝ ကျော်တို့မှာ ပျက်စီး
ဆုံးရှုံးခဲ့ရပြီး စီးပွားရေးအရ ဆုံးရှုံးမှုအနေဖြင့် ယွမ် ၂၈ လီလျံရှိကြောင်း သိရသည်။

ရေလွှမ်းမိုးမှု ကယ်ဆယ်ရေး ဌာန၏ ထုတ်ပြန်ချက်အရ အားပြင်းလှသော အပူပိုင်း မုန်တိုင်း ရမ်ဘီယား သည် ယခုလက်ရှိ မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေသော တရုတ်နိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်းစွန်း ဒေသ
များသို့ ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း သိရသည်။

မြ၀တီ

No comments: