Monday, July 29, 2013
လတ်တလောမှာတော့ ချမ်းမီမီကိုက ဒါရိုက်တာ တင်အောင်ကျော် ရိုက်ကူးတဲ့ 'အစွန်းရောက်' ဇာတ်ကားကို သူထူးစံနဲ့အတူ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားမှာ ချမ်းမီမီကိုက စားသောက် ဆိုင်မှာ သီချင်းဆိုတဲ့ ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။
"ချမ်းမီ အခုနောက်ပိုင်းမှာ ဒရာမာဇာတ်တွေကို အဓိက ရိုက်ဖြစ်ပါ တယ်။ ဟာသလည်း ရိုက်ဖြစ်တယ်။ ဒါပေမဲ့ ချမ်းမီလုပ်ခွင့်ရမယ်ဆိုရင် ပရိသတ်တွေဆီကို ဇာတ်ရုပ်အစုံနဲ့ ချပြချင်ပါတယ်။ ချမ်းမီ က ဟာသဇာတ်ရုပ်တွေ၊ ဘဝနဲ့ဆိုင်တဲ့ ဒရာမာ ဇာတ်ကားတွေနဲ့လည်း လိုက်တယ်လို့ ပရိသတ်တွေဆီက စကားသံတွေ ပြန်ကြားရပါတယ်"လို့ ပရိသတ်အတွက် ဇာတ်ရုပ်အစုံရိုက်ပြ ချင်ကြောင်း ချမ်းမီမီကို က ပြောပါ တယ်။
အခုနောက်ပိုင်း အနုပညာအလုပ် လုပ်ရတာ အရင်ကထက် ပိုပြီး ပွင့်လင်းလာသလို၊ ပိုပြီးလည်း လွတ်လပ် လာကြောင်း ချမ်းမီမီကို က ပြောပါတယ်။ "ဒီခေတ်က ပွင့်လင်းလာသလို၊ ပိုပြီး လွတ်လပ်လာတယ်။ အနု ပညာကို အမျိုးမျိုး ဖန်တီးခွင့်ရှိလာတယ်။
ကိုယ် ရောက်တဲ့ နေရာကိုလည်း ဘယ်သူမဆို ကြိုးစားပိုင် ခွင့်ရှိတယ်။ ပွင့်လင်းလာ တာနဲ့အမျှ ဗီဒီယိုကား တွေကိုလည်း သေချာစိ စစ်ပြီး ရိုက်ကူးပါတယ်။ အခုဆင်ဆာ လွတ်လပ် ခွင့်ပေးတယ်ဆိုတာကလည်း သူ့ အပိုင်းနဲ့သူ ကန့်သတ်ထားတယ်။ ဇာတ်ကားရိုက်ရင် နိုင်ငံခြားလိုတအားကြီး Social ကျမယ့် ကားမျိုးကို ချမ်းမီလုံးဝရိုက်မှာ မဟုတ်ဘူး"လို့ ချမ်းမီမီကိုကပြောပါတယ်။
တွယ်တာ
Popular Journal
No comments:
Post a Comment