Sunday, 07 July 2013
ၾသစေၾတးလ် နိုင်ငံခြားရေးဝန်ကြီး Mr.Bob Carr လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက် မည် ဖြစ်ကြောင်း ၎င်း၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Australia Radio သတင်းဌာနတွင် ဖော်ပြထားသည်။
နိုင်ငံခြားရေးဝန်ကြီး Mr.Carr ၏ ခရီးစဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိသေးကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
အဆိုပါ နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်စီစဉ် ထားကြောင်း၊ မြန်မာအစိုးရ အရာရှိများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ မြန်မာ့ဖွံ့ဖြိုးရေးနှင့် ထောက်ပံ့မည့် အစီအစဉ်များ၊ ရခိုင်ပြည်နယ်၏ လက်ရှိအခြေ အနေတို့ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
သြစတြေးလျ အစိုးရသည် သြစတြေးလျ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းရေး အေဂျင်စီမှတစ်ဆင့် မြန်မာနိုင်ငံ တွင် အဆင်းရဲဆုံး ကလေးသူငယ်နှစ်သိန်းကျော်၏ မူလတန်းပညာရေးအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော်ကို ထောက်ပံ့ခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ယင်းအဖွဲ့အစည်းမှ တစ်ဆင့် ၂၀၁၅ ဘဏ္ဍာနှစ်အထိ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မည် ဖြစ်ကြောင်း သြစတြေးလျအစိုးရက ထုတ်ပြန်ကြေညာထားသည်။
The Voice Weekly
No comments:
Post a Comment