Sunday, July 07, 2013

Miss Asia Pacific World 2013 သို့ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ကျွမ်းဘားချဉ်ပီယံ ယှဉ်ပြိုင်မည်


Sunday, 07 July 2013

မြန်မာနိုင်ငံက ပထမဦးဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဖိတ်ကြားခြင်းခံရသော Miss Asia Pacific World 2013 ပြိုင်ပွဲကို (၂၀၁၃)ခ...ုနှစ်၊ မေလ(၁၇)ရက်နေ့တွင် ကျင်းပမည်ဟု စီစဉ်ထားခဲ့သော်
လည်း အောက်တိုဘာလ(၃၀)ရက်နေ့ကိုရွှေ့ဆိုင်းကြောင်းကြေညာထားကြောင်း သိရသည်။


Miss Asia Pacific World 2013 တွင်မြန်မာနိုင်ငံက စတင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး Miss Asia Pacific World ပြိုင်ပွဲကို ၂၀၁၀က စတင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ကျင်းပမည့် Miss Asia Pacific World 2013 ကို တောင်ကိုရီးယား ဆိုးလ်မြို့၌ကျင်းပပြုလုပ်သွား
မည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲကို နိုင်ငံပေါင်း(၁၈)နိုင်ငံက ပါဝင်ယှဉ်ပြိုင် မည်ဟုသိရသည်။

ပါဝင်ယှဉ်ပြိုင်မည့် မထားထက်ထက် သည် မြန်မာ့ ကျွမ်းဘား လက်ရွေး စင်ဟောင်း တစ်ယောက်ဖြစ်ပြီး ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံများတွင်ပြုလုပ်ခဲ့သည့်ဆီးဂိမ်းစ်ပြိုင်ပွဲ များသို့ လက်ရွေးစင်တစ်ဦးအဖြစ်သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၁၂ခုနှစ် Miss Myanmar International 2012 တွင် third runner up နှင့် Miss ရခိုင် 2012 တွင် Miss ရရှိခဲ့ကြောင်းသိရသည်။

Miss Asia Pacific world သည် Talent ယှဉ်ပြိုင်သည့်ပြိုင်ပွဲ တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

27th Sea Games, Myanmar 2013

No comments: