Wednesday, July 10, 2013

နိုင်ငံသားအထောက်အထားပါ ခိုလုံခွင့် တောင်းခံသူတွေ အလုပ်လုပ်ခွင့် ပြုသင့်လို့ဆို


Wednesday, 10 July 2013

သြစတြေးလျနိုင်ငံထဲကို ​လှေတွေနဲ့ ​ရောက်ရှိလာပြီး ​နိုင်ငံသားအထောက်ထားတွေပါရှိတဲ့ ​ခိုလုံခွင့်တောင်းခံသူတွေကို ​အလုပ်အကိုင်ရှာဖွေရှောက်ထားခွင့် ​ပြုသင့်တယ်လို့ ​အစိုးရခိုလုံခွင့်တောင်းခံသူ ​ကျွမ်းကျင် ပညာရှင် ​အဖွဲ့ဝင်တဦးက ​ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ​လူမှုအသိုင်းအ၀ိုင်းအတွင်း ​ယာယီနေထိုင်ခွင့်ဗီဇာနဲ့ နေခွင့်ပြုတဲ့ ​ခိုလုံခွင့်တောင်းခံ သူတွေအနေနဲ့ ​အလုပ်လုပ်ကိုင်ခွင့် ​မရှိပဲ ​လူမှုဖူလုံရေးအဖွဲ့အစည်းတွေနဲ့ ​ပရဟိတလုပ်ငန်း ​အဖွဲ့တွေရဲ့ ​အထောက်ပံ့တွေနဲ့ပဲ ​နေထိုင်ကြရပါတယ်။


မကြာသေးခင်ကပဲ ​သြစတြေးလျ ​လူမှုဝင်မှုကြီးကြပ်ရေးဌာနက ​လှေတွေနဲ့ခိုးဝင်လာတဲ့ ​ခိုလုံခွင့် ​တောင်းခံ သူတွေကို ​စိစစ်တဲ့နေရာမှာ ​နိုင်ငံသားအထောက်အထားတွေ ​ဖျောက်ပစ်ခဲ့တဲ့ ​သူတွေကို ​နောက်တမ်းကို
ပို့မယ်လို့ပြောပါတယ်။

အဲဒီအတွက် ​နိုင်ငံသားအထောက်အထားပါရှိတဲ့ ​သူတွေကိုတော့ ​ဆုလဒ်အနေနဲ့ ​အလုပ်လုပ်ကိုင်ခွင့် ​ပြုသင့် တယ်လို့ ​ဒုက္ခသည်အရေး ​ဆောင်ရွက်လုပ်ကိုင်ပေးနေတဲ့ ​Paris ​Aristotle ​ကပြောပါတယ်။

တဆက်တည်းမှာပဲ ​မနေ့ညက ​သြစတြေးလျနိုင်ငံကို ​လှေတွေနဲ့ခိုးဝင်လာတဲ့ ​ခိုလုံခွင့်တောင်းခံသူ ​၆၉ ယောက် ​တင်ဆောင်နဲ့ ​လှေမောင်းသူ ​၂ဦးကို ​သြစတြေးလျ ​ရေပိုင်နက်ခရစ္စမတ်ကျွန်းအနီးမှာဖမ်းဆီးရမိ ခဲ့ပါတယ်။ ​သူတို့ကို ​ကျန်းမာရေးနဲ့ ​နိုင်ငံသားအထောက်အထားတွေ ​စိစစ်ပေးဖို့အတွက် ​ခရစ္စမတ်ကျွန်းကို ​ပို့ဆောင်လိုက်ပြီးလို့လည်း ​သိရပါတယ်။


ABC Radio Australia

No comments: