Thursday, July 04, 2013

အင်ဒိုကိုအလေးထားတဲ့အနေနဲ့ သွားလည်မယ်လို့ ဝန်ကြီးချုပ်ဆို


Thursday, 04 July 2013

သြစတြေးလျနိုင်ငံ ​ဝန်ကြီးချုပ်က ​ဒီကနေ့ကစပြီး ​အင်ဒိုနီးရှားနိုင်ငံကို ​နှစ်ရက်ကြာ ​သွားရောက်မှာဖြစ်ပြီး ​အိမ်နီးချင်းဖြစ်တဲ့ ​အင်ဒိုနီးရှားနိုင်ငံကို ​အလေးထားတဲ့အနေနဲ့ ​သွားရောက်တာလို့ ​သိရပါတယ်။

ကယ်ဗင်ရဒ်အနေနဲ့ ​ဝန်ကြီးချုပ် ​ရာထူး ​ပြန်လည်ရရှိပြီးနောက်ပိုင်း ​ပထမဆုံးအကြိမ်အနေနဲ့ ​အင်ဒိုနီးရှား နိုင်ငံကို ​သွားရောက်လည်ပတ်တာဖြစ်ပါတယ်။


ဒီခရီးစဉ်ကို ​ဝန်ကြီးချုပ် ​ရာထူး ​မရခင်ကတည်းက ​စီစဉ်ခဲ့တာဖြစ်ပြီး ​ဝန်ကြီးချုပ် ​ဖြစ်လာပြီးနောက် ​အစီ အစဉ်အတိုင်း ​လုပ်ဆောင်သွားတာဟာ ​အင်ဒိုနီးရှားနိုင်ငံနဲ့ ​ဆက်ဆံရေးကို ​အလေးထားလို့ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

သြစတြေးလျနိုင်ငံက ​အင်ဒိုနီးရှားနိုင်ငံရဲ့ ​စီးပွားရေးဆိုင်ရာမှာ ​ပိုမိုပူးပေါင်းမှု ​လုပ်ဖို့ ​လိုလားနေတာဖြစ်ပြီး ​မနက်ဖြန် ​အင်ဒိုနီးရှားနိုင်ငံ ​သမ္မတ ​ဆူဆီလို ​ဘမ်ဘန်ယူဒိုယိုနိုနဲ့ ​တွေ့ဆုံတဲ့အခါ ​သြစတြေးလျနိုင်ငံအနေနဲ့ ​အင်ဒိုနီးရှားနိုင်ငံကို ​တင်ပို့နေတဲ့ ​နွားအရှင်ကိစ္စအကြောင်းတွေ၊ ​ဒေသတွင်း ​လုံခြုံရေးကိစ္စတွေနဲ့ ​နှစ်နိုင်ငံ ​လွတ်လပ်စွာ ​ကုန်သွယ်ရေးအကြောင်းတွေ ​ဆွေးနွေးဖို့ ​ရှိပါတယ်။

အဲ့ဒါ့အပြင် ​သြစတြေးလျနိုင်ငံမှာ ​မကြာခင်မှာ ​ရွေးကောက်ပွဲကျင်းပရမှာဖြစ်တဲ့အတွက် ​သြစတြေးလျနိုင်ငံ အတွက် ​အရေးကြီးတဲ့ ​ခိုလှုံခွင့်တောင်းလိုသူတွေ ​အင်ဒိုနီးရှားနိုင်ငံကနေတဆင့် ​လှေတွေနဲ့ ​ခိုးဝင်လာကြတဲ့ ​ကိစ္စကိုတော့ ​အဓိက ​ဆွေးနွေးနိုင်တယ်လို့ ​အေဘီစီသတင်းထောက် ​James ​Glenday ​က ​ဂျကာတာမြို့က နေ ​သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia

No comments: