Thursday, July 04, 2013

အီဂျစ်စစ်တပ်က သမ္မတကို ရာထူးကနေဖယ်ရှားလိုက်ပြီ


Thursday, 04 July 2013

အီဂျစ်နိုင်ငံမှာ ​စစ်တပ်က ​ဝင်ရောက်စွက်ဖက်မှုလုပ်ပြီး ​သမ္မတမိုဟာမက်မော်ဆီကို ​ရာထူးက ​ဖယ်ရှားလိုက် ပြီးနောက် ​နိုင်ငံရေး ​ပြုပြင်ပြောင်းလဲ မှုတွေပြုလုပ်သွားမယ်လို့ ​အီဂျစ်စစ်တပ်က ​ပြောလိုက်ပါတယ်။

အီဂျစ်နိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြဿနာကို ​၂ ​ရက်အတွင်း ​မဖြေရှင်းနိုင်ရင် ​ဝင်ရောက်စွက်ဖက်မှု ​လုပ်မယ်လို့ ​ပြောခဲ့တဲ့အတိုင်း ​လုပ်ဆောင်တာဖြစ်ပါတယ်။


အီဂျစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ယာယီ ပယ်ဖျက်လိုက်ပြီး အီဂျစ်စစ်တပ်က ရေးဆွဲထားတဲ့ လမ်းပြမြေပုံအတိုင်း လုပ်ဆောင်ပြီး ဒီမိုကရေစီစနစ်ဆီကို ဦးတည်သွားမယ်လို့ အီဂျစ်စစ်တပ်က ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲသစ် ​ကျင်းပတဲ့အချိန်အထိ ​ဖွဲ့စည်းပုံဥပေဒေဆိုင်ရာ ​တရားရုံးချုပ်ရဲ့ ​ဥက္ကဌကယာယီအိမ်စောင့် အစိုးရအနေနဲ့ ​ဆောင်ရွက်မှာဖြစ်တယ်လို့ ​သိရပါတယ်။

သမ္မတမော်ဆီရဲ့ ​ဖေ့စ်ဘွတ်ပေါ်မှာတော့ ​အီဂျစ်စစ်တပ်ရဲ့ ​လုပ်ရပ်ရာ ​အာဏာသိမ်းပိုက်မှုဖြစ်ပြီး ​ဒီလုပ်ရပ်ကို ​ရှုံ့ချကြောင်း ​ပြောလိုက်ပါတယ်။

အီဂျစ်စစ်တပ်ကတော့ ​သမ္မတမိုဟာမက် ​မော်ဆီက ​အီဂျစ်ပြည်သူတွေရဲ့ ​လိုလားမှုကိုမဖြည့်ဆည်းပေးတဲ့ အတွက် ​ခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ​ပြောလိုက်ပြီး ​ပါလီမာန်ရွေးကောက်ပွဲနဲ့ ​သမ္မတသစ် ​ရွေးကောက် ပွဲ ​မကြာခင်မှာ ​ပြုလုပ်မယ်လို့လည်း ​ပြောလိုက်ပါတယ်။

အီဂျစ်စစ်တပ်ရဲ့ ​ကြေညာချက်အပေါ် ​သမ္မတကို ​ဆန့်ကျင်ဆန္ဒပြသူတွေကဝမ်းပန်းတသာကြိုဆိုခဲ့ကြပါတယ်။

သမ္မတကို ​ထောက်ခံတဲ့ ​ဆန္ဒပြသူတွေကတော့ ​အမျက်ဒေါသထွက်နေပြီး ​ဒီအုပ်စုနှစ်စုအကြား ​အကြမ်းဖက် တိုက်ခိုက်မှုတွေ ​ဖြစ်လာနိုင်တဲ့အကြောင်း ​ဒီလိုကွဲပြားမှုတွေကြောင့် ​အီဂျစ်နိုင်ငံကို ​ဦးဆောင်မယ့် ​ခေါင်း ဆောင်တိုင်းအတွက် ​ဒီအုပ်စုနှစ်စုကြား ​သင့်မြတ်မှုရှိအောင် ​လုပ်ရမယ့် ​တာဝန်ကြီးကို ​ထမ်းဆောင်ပြီး ​ဖြေရှင်းမှု ​လုပ်ရမှာဖြစ်တယ်လို့ ​ကိုင်ရိုမြို့ကို ​ရောက်နေတဲ့ အေဘီစီသတင်းထောက်က ​သတင်းပေးပို့ခဲ့ ပါတယ်။

ABC Radio Australia

No comments: