Thursday, 04 July 2013
အိန္ဒိယအစိုးရက လာမယ့်နှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ မရှိဆင်းရဲသားတွေ အစားအသောက် မိုမိုဖူလုံစွာ ရရှိဖို့အတွက် အစီအစဉ်ကို လုပ်ဆောင်သွားဖို့ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
အခုလို အစားအသောက် ဖူလုံမှု အစီအစဉ် လုပ်ဆောင်တာဟာ မဲဆွယ်မှု တခုဖြစ်တယ်လို့လည်း ယူဆနေ ကြပါတယ်။ အစားအသောက် ဖူလုံမှု အစီအစဉ်ကနေ တိုင်းပြည်ရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်း ဒါမှမဟုတ် လူပေါင်း သန်းရှစ်ရာကျော်ကို အစားအသောက် ကူညီထောက်ပံ့ပေး နိုင်မှာဖြစ်ပါတယ်။
လက်ရှိအစိုးရ အာဏာရပါတီ ခေါင်းဆောင် Sonia Gandhi က ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ် ရွေးကောက်ပွဲ တုန်းက ပေးခဲ့တဲ့ ကတိကို တည်ချင်တဲ့အတွက် အခုအစီအစဉ်ကို လုပ်ဆောင်ဖို့ အတည်ပြုလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အခုအစီအစဉ်ဟာ လုံလောက်တဲ့ ဆွေးနွေးမှုတွေ မရှိခဲ့တဲ့အကြောင်းနဲ့ ဈေးနှုန်းတွေကိုထိခိုက်မှာ ဖြစ်လို လယ်သမားတွေအနေနဲ့ကလည်း ပိုမိုစိုက်ပျိုးထုတ်လုပ်မှုတွေလုပ်ရမှာဖြစ်ကြောင်း အတိုက်အခံပါတီ ဖက်က ပြောလိုက်ပါတယ်။
ABC Radio Australia
No comments:
Post a Comment