Thursday, 04 July 2013
မြန်မာနိုင်ငံက စတော့အိပ်ချိန်း လုံခြုံရေးဆိုင်ရာစနစ်အတွက် စုစည်းရွေပြောင်းနိုင်တဲ့ modular data centre တခု ဖွင့်လှစ်ဖို့အတွက် Toshiba ကုမ္ပဏီက တည်ထောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဒါအိဝ စတော့ လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ဖြစ်တဲ့ Daiwa Institute of Research Ltd. ကုမ္ပဏီ အနေနဲ့ ဂျပန်နိုင်ငံက အိုင်တီ နည်းပညာဆိုင်ရာ အကြီးဆုံး ကွန်ယက်တွေထဲက တခုဖြစ်တဲ့ Toshiba Corporation ကုမ္မဏီကို modular data centre အတွက် တည်ထောင် လုပ်ဆောင်ဖို့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒါဟာ Toshiba ကုမ္ပဏီရဲ့ပထမဦးဆုံး ပြည်ပဈေးကွက်မှာ modular data centre ကို တည်ထောင် လုပ်ဆောင်ခွင့်ရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စတော့အိပ်ချိန်းနဲ့ ငွေရေးကြေးရေး ကဏ္ဍတွေမှာ အသုံးပြုနိုင်ဖို့အတွက် ၂၀၁၅ခုနှစ်ကျရင် စတော့အိပ်ချိန်းလုံခြုံရေး စင်တာတခု ဖွင့်လှစ်သွားနိုင်ဖို့ ဒါအိဝ စတော့ လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့၊ ဂျပန် စတော့အိပ်ချိန်းအဖွဲ့နဲ့ ရန်ကုန်အခြေအစိုက်မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က စီစဉ်နေတာဖြစ်ပါ တယ်။
modular data centre စနစ်ဟာ တခြားစနစ်တွေထက် ကုန်ကျစရိတ်ပိုမိုသက်သာစေသလို အချိန်တိုတို အတွင်း လုပ်ငန်းတွေလုပ်ဆောင်နိုင်တဲ့အတွက် အခုဆိုရင်modular data စနစ်ဟာ ဈေးကွက်အတွင်းမှာ ပိုမိုတွင်ကျယ်လာတာဖြစ်ပါတယ်။
ABC Radio Australia
No comments:
Post a Comment