Tuesday, July 09, 2013

မိတ္တီလာအရေးအခင်းမှာ ပါဝင်သူ ဗုဒ္ဓဘာသာ နှစ်ဦး ထောင် ၇ နှစ်ကျ


Tuesday, July 9, 2013

မြန်မာနိုင်ငံ ​မိတ္ထီလာမြို့မှာ ​ပြီးခဲ့တဲ့ ​မတ်လက ​ဖြစ်ပွါးသွားခဲ့တဲ့ ​အဓိကရုန်းမှာ ​ပါဝင်ခဲ့ကြတဲ့ ​မြန်မာ ​ဗုဒ္ဓ ဘာသာဝင် ​တရားခံ ​၂ ​ဦး ​ကို ​ထောင်ဒါဏ် ​၇ ​နှစ်စီ ​ချမှတ်လိုက်တယ်လို့ ​သိရပါတယ်။

လူပေါင်း ​၄၄ဦး ​သေဆုံးသွားတဲ့ ​မိတ္ထီလာမြို့ ​အဓိကရုန်းမှာ ​ပါဝင်ခဲ့ ​မှု ​နဲ့ ​အခုလို ​တရားစီရင် ​ချမှတ်ခဲ့တာ ​ဖြစ်ပါတယ်။


အဓိကရုန်းမှာ ​မွတ်စလင် ​ဗလီတွေ၊ ​နေအိမ်တွေ ​ဈေးဆိုင်တွေနဲ့ ​ရပ်ကွက်လိုက် ​မီးရှို့ ​ဖျက်စီးမှုတွေ ​ဖြစ်ခဲ့ပါတယ်။

အဓိကရုန်းမှာ ပါဝင်ပတ်သက်ခဲ့တဲ့ မွတ်စလင် ၇ဦးကိုတော့ မတ်လလောက်က ထောင်ဒါဏ် ၂ နှစ်ကနေ 
နှစ် ၂၀ အထိ ချမှတ်ခဲ့တဲ့ အတွက်၊ မြန်မာအာဏာပိုင်တွေဟာ အဓိကရုန်းမှာ ပါဝင်တဲ့ မြန်မာဗုဒ္ဓဘာသာ ဝင်တွေကို အရေးမယူခဲ့ဘူးလို့ ဝေဖန်ခံခဲ့ရပါတယ်။

မကြာသေးခင်က Brunei နိုင်ငံမှာ ကျင်းပသွားတဲ့ ASEAN အသင်း နိုင်ငံခြားရေးဝန်ကြီးများ ​အစည်းအဝေး မှာ ​မလေးရှား ​နိုင်ငံက ​နိုင်ငံခြားရေး ​ဝန်ကြီးက ​မြန်မာ ​နိုင်ငံတွင်း ​မွတ်စလင် ​ဘာသာဝင်တွေ ​နှိမ်နင်းရေးကို ​ရပ်တန့် ​နိုင်ဖို့ ​ဆောင်ရွက်ချက်တွေ ​ပြုလုပ်ပေးဖို့ ​နဲ့ ​အဓိကရုန်းမှာ ​ပါဝင်ပတ်သက်ခဲ့တဲ့ ​တရားခံ ​အားလုံးကို လဲ ​အရေးယူ ​ဆောင်ရွက်ဖို့ ​တောင်းဆိုခဲ့ပါတယ်။

အဓိကရုန်းမှာ ​ပါဝင်ပတ်သက်ခဲ့တဲ့ ​မြန်မာ ​ဗုဒ္ဓ ​ဘာသာဝင် ​အယောက် ​၆၀ ​ကို ​ဖမ်းစီးထားပြီး ​ဒီအမှုတွေကို ​ဆက်လက်စစ်ဆေး ​နေတယ်လို့ ​လဲသိရပါတယ်။

မြန်မာ ​ဗုဒ္ဓ ​ဘာသာဝင်တွေ ​နဲ့ ​ပတ်သက်တဲ့ ​အမှုတွဲတွေထဲမှာ ​ဒီအမှုတွဲ ​၂ ​ခုဟာ ​ပထမဦးဆုံး ​စီရင်ဆုံးဖြတ် ချက် ​ချခံရတဲ့ ​အမှုတွေ ​ဖြစ်တယ်လို့လဲ ​သိရပါတယ်။

ABC Radio Australia

No comments: