Tuesday, July 9, 2013
အီဂျစ်နိုင်ငံမှာ သမ္မတဟောင်း မိုဟာမက်မော်ဆီကို ထောက်ခံဆန္ဒပြကြတဲ့ Muslim Brotherhood အဖွဲ့တွေနဲ့ လုံထိန်းရဲတွေအကြား မသင့်မြတ်မှုတွေ ဖြစ်ပွားခဲ့ရာက အနည်းဆုံး ဆန္ဒပြသူ ၅၁ ယောက် သေဆုံးခဲ့ရကြောင်း သိရပါတယ်။
ဆန္ဒပြသူတွေကတော့ သူတို့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာကို စစ်တပ်က သေနတ်နဲ့ပစ်ဖောက်ခဲ့တဲ့ အတွက် သေဆုံး မှုတွေ ဖြစ်ရတာလို့ ပြောပါတယ်။
ဒါပေမယ့် အီဂျစ်တပ်မတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မိုဟာမက် အာလီကတော့ စစ်တပ်ကမိမိကိုယ်ကိုခုခံ ကာကွယ် တဲ့အနေနဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
စစ်တပ်ကနေ ပဋိပက္ခ မဖြစ်အောင် ထိန်းသိမ်းခဲ့ပေမယ့် ဆန္ဒပြသူဖက်က ရန်စလာတာတွေ ရှိခဲ့ပြီး စစ်တပ်ပိုင် အဆောက်အဦးတွေအပေါ် အကြမ်းဖက်မှုတွေ လုပ်လာသလို လက်ဖြောင့် တပ်သားတွေ အသုံးပြုပြီး တိုက်ခိုက်တာတွေ ရှိလာတဲ့အတွက်စစ်တပ်က ပြန်လည်ခုခံရာက သေဆုံးမှုတွေ ဖြစ်ပွားခဲ့
တာလို့ တုန့်ပြန်ခဲ့ပါတယ်။
အီဂျစ်နိုင်ငံရေးမှာ စစ်တပ်က ဝင်ရောက်စွက်ဖက်မှုတွေလုပ်ပြီး သမ္မတမိုဟာမက် မော်ဆီကို ရာထူးကနေ ဖြုတ်ချခဲ့ပေမယ့်သမ္မတကို ထောက်ခံသူတွေကတော့ သမ္မတကို ရာထူး ပြန်လည်ပေးအပ်ဖို့၊ ရာထူးပြန်လည် အပ်နှံမှု မလုပ်မချင်း ဆက်လက် ဆန္ဒပြသွားမယ်ဆိုပြီး ကိုင်ရိုမြို့မှာ ဆက်လက် ဆန္ဒပြ တောင်းဆိုကြရာက ခုလို သေဆုံးမှုတွေနဲ့ ကြုံတွေ့ရတာဖြစ်ပါတယ်။
ရုရှားနိုင်ငံသမ္မတ Vladimir Putin ကတော့ အီဂျစ်နိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေကို မထိန်းသိမ်းနိုင်ရင် ဆီးရီးယားနိုင်ငံလိုပဲအီဂျစ်နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်လာနိုင်တယ်လို့ အရင်ရက်ကတည်းက သတိပေး ပြောခဲ့ဖူးပါတယ်။
ABC Radio Australia

No comments:
Post a Comment