Tuesday, July 02, 2013

တရုတ်နိုင်ငံမှာ သက်ကြီးမိဘတွေကို စောင့်ရှောက်ဖို့ ဥပဒေပြဌာန်းပြီ

Tuesday, 02 July 2013

 တရုတ်နိုင်ငံမှာ အရွယ်ရောက် သားသမီးတွေအနေနဲ့ သက်ကြီးရွယ်အိုမိဘတွေဆီကို ပုံမှန်အလည်အပတ် သွားဖို့ ဥပဒေထုတ်ပြန်လိုက်ပြီး လိုက်နာမှုမရှိရင် ဒဏ်ငွေဒါမှမဟုတ် ထောင်ဒဏ်ကျခံရမယ်လို့သိရပါတယ်။

သက်ကြီးရွယ်အိုများ အခွင့်အရေးဆိုင်ရာ ဥပဒေအရ အရွယ်ရောက် သားသမီးတွေအနေနဲ့ သက်ကြီးရွယ်အို မိဘတွေကို စောင့်ရှောက်ပြီး သူတို့ရဲ့ ဝိညာဉ်ရေးရာတွေမှာ ထောက်ပံ့ကူညီမှုတွေလုပ်ဖို့နဲ့ သက်ကြီးရွယ်အို မိဘတွေကို မကျောခိုင်းဖို့ ပါရှိပါတယ်။

မိဘတွေနဲ့ ဝေးကွာနေတဲ့ သားသမီးတွေကလည်း မိဘတွေဆီ ပုံမှန် အလည်အပတ်ပြုလုပ်ရမယ်လို့ ဥပဒေ မှာ ပါရှိပါတယ်။

တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ အိမ်မှာပဲ ချန်ထားခံနေရပြီး တခါတရံ လူမသိ သူမသိ သေဆုံးတာတွေ ရှိခဲ့တဲ့အတွက် အရွယ်ရောက်သားသမီးတွေ မိဘတွေဆီကို အလည်အပတ်သွားဖို့ အစိုးရကဥပဒေထုတ်ပြန် လိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကလေးတစ်ယောက်သာ ယူရမယ်ဆိုတဲ့ ဥပဒေကြောင့် တစ်အိမ်ထောင်မှာ ကလေး တစ်ယောက်သာ ရှိကြပြီး အဲဒီကလေးတွေ အရွယ်ရောက်လာလို့ အိမ်ထောင်ပြုတဲ့အခါ အဲဒီဇနီးမောင်နှံ နှစ်ယောက်က မိအိုဖအို ၄ ယောက်ကို ပြုစုရတဲ့အပြင် သူတို့မွေးထားတဲ့ ကလေးကိုပါစောင့်ရှောက်နေရပြီး အလုပ်တွေပါ လုပ်နေရတဲ့အတွက် သားသမီးတွေမှာလည်း အခက်ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။

ABC Radio Australia 

No comments: