Tuesday, July 02, 2013

ဟံသာဝတီလေဆိပ်အတွက် ကုမ္ပဏီ ၇ ခုကို စကာတင်ရွေးချယ်

Tuesday, 02 July 2013

 မြန်မာနိုင်ငံ ပဲခူးတိုင်းအတွင်းမှာ တည်ဆောက်မှာ ဖြစ်တဲ့ ဟံသာဝတီ နိုင်ငံတကာ လေဆိပ်တည် ဆောက်ရေး အတွက် ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီပေါင်း ၃၀ ထဲက ၇ ခုကို ရာထားပြီလို့ သိရပါတယ်။

နိုင်ငံတကာလေဆိပ်ဟာ ပဲခူးတိုင်းအတွင်း မြေဧကပေါင်း ၉၆၉၀ ကျယ်ဝန်မှာဖြစ်ပြီး ၂၀၂၀ပြည့်နှစ်နောက်ပိုင်း - နှစ်စဉ် နိုင်ငံခြား ဧည့်သည် ၇.၅ သန်းကို လက်ခံ နိုင်မှာဖြစ်တဲ့ လေဆိပ်ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၂ခု နှစ် စာရင်းအရ ရန်ကုန်လေဆိပ်ကို ပြည်ပက ခရီးသည်ပေါင်း ၆သိန်းလောက်ဝင်ရောက်ခဲ့ တယ်လို့လဲ သိရပါတယ်။

စကာတင်ရွေးထားတဲ့ ကုမ္ပဏီတွေ ထဲမှာ ကိုးရီးယား၊ ပြင်သစ်နဲ့ ဂျပန်နိုင်ငံက ကုမ္ပဏီတွေပါဝင်ပြီး၊ လုပ်ပိုင်ခွင့် ရသွားမှာ ဖြစ်တဲ့ ကုမ္ပဏီကို ဒီလထဲမှာ ကြေငြာသွါးပြီး - စီမံကိန်းကို စက်တင်ဘာလထဲမှာ စတင်တော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်က တင်ဒါစနစ်နဲ့ ရွေးချယ် အနိုင်ရသွားတဲ့နော်ဝေး နဲ့ ကာတား နိုင်ငံက ဆက်သွယ်ရေး စနစ် စီမံကိန်းနဲ့ အခုအခါမှာ နိုင်ငံတကာလေဆိပ်ဟာ မြန်မာ နိုင်ငံမှာ အခု နောက်ဆုံး နိုင်ငံခြား က ရင်းနှီး မြှုပ်နှံမှုတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လောလောဆယ် နိုင်ငံတကာလေဆိပ် ၃ ခုရှိပြီး ကျန် ၂ ခုကတော့ မန္တလေးနဲ့ နေပြည်တော် မှာဖြစ်ပါတယ်။

ရန်ကုန်လေဆိပ် ကြီးကိုလဲ ခရီးသည်ပေါင်း ၆သန်း အထိ လက်ခံနိုင်တဲ့ လေဆိပ်အဖြစ် ဆက်လက်တိုးချဲ့ဖို့
ရှိနေပါတယ်။

လက်ရှိ လက်ခံ နိုင်တဲ့ ပမဏက ၂.၇သန်းဖြစ်ပါတယ်။


ABC Radio Australia 

No comments: