Tuesday, 02 July 2013
အီဂျစ်နိုင်ငံမှာ ဖြစ်နေတဲ့ဆန္ဒပြမှုတွေနဲ့ မငြိမ်မသက်မှုတွေကို ၄၈ နာရီအတွင်းရပ်တန့်က မရပ်ရင် အီဂျစ် စစ်တပ်အနေနဲ့ ပါဝင်စွက်ဖက်မှုတွေ လုပ်မယ်လို့ အီဂျစ်စစ်တပ်က သတိပေးပြောကြားလိုက်ပါတယ်။
အီဂျစ်နိုင်ငံမှာ အစ္စလာမ်ဝါဒီကြီးစိုးတဲ့ သမ္မတ မိုဟာမက် မော်ဆီအာဏာရလာတဲ့ တစ်နှစ်ပြည့်နေ့မှာပဲ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်နေပါတယ်။
သမ္မတကို ဆန့်ကျင်သူတွေကတော့ ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုဆန္ဒပြနေကြပြီး ရာထူးကနေ မဆင်းပေးမခြင်း သမ္မတ စံအိမ်တော်နဲ့ Tahrir ရင်ပြင်မှာနေပြီး ဆက်လက်ဆန္ဒပြသွားမယ်လို့ ပြောနေ ကြပါတယ်။
ဒါပေမယ့် သမ္မတကို ထောက်ခံသူတွေကလည်း သမ္မတကို ထပ်မံအခွင့်အရေးပေးကြဖို့ ပြောဆိုနေပြီး သမ္မတရဲ့ စံအိမ်တော်ကို အသက်ပေးပြီး ကွာကွယ်သွားမယ်လို့ဆိုပြီး သမ္မတကို ထောက်ခံကြောင်း ဆန္ဒပြမှုတွေ အပြိုင် ပြုလုပ်နေကြပါတယ်။
အီဂျစ်စစ်တပ်ကတော့ ဖြစ်နေတဲ့ ပြဿနာတွေကို ၂ ရက်အတွင်း မဖြေရှင်းနိုင်ရင် စစ်တပ်အနေနဲ့ ဝင်ရောက်စွက်ဖက်မှု လုပ်မှာဖြစ်ပြီး စစ်တပ်က ရေးဆွဲတဲ့ လမ်းပြမြေပုံအတိုင်းလိုက်နာလုပ်ဆောင် သွားမယ်လို့သတိပေးပြောကြားလိုက်ပါတယ်။
ဒါပေမယ့် အီဂျစ်စစ်တပ်ဟာ သမ္မတကို ဆန့်ကျင်ဆန္ဒပြသူတွေဖက်က ရပ်တည်တယ်ဆိုတာကို အထင်း သား မြင်နေရတဲ့အကြောင်း အီဂျစ်စစ်တပ်ကနေ အဲလို သတိပေးပြောဆိုတဲ့အခါမှာလည်း သမ္မတကို ဆန့်ကျင်ဆန္ဒပြနေတဲ့ လူအုပ်ကြီးက ဝမ်းပန်းတသာကြိုဆို အားပေးခဲ့ကြတယ်လို့လည်းကိုင်ရိုမြို့ကို ရောက် နေတဲ့ အေဘီစီ သတင်းထောက် Matt Brown က သတင်းပေးပို့ခဲ့ပါတယ်။
ABC Radio Australia

No comments:
Post a Comment