Tuesday, July 02, 2013

သြစီမှာ နိုင်ငံတကာ ကူညီထောက်ပံ့ရေး ဝန်ကြီးဌာနသစ် ဖွဲ့


Tuesday, 02 July 2013

သြစတြေးလျ နိုင်ငံက ဝန်ကြီးချုပ်အပြောင်းအလဲမှာ ဝန်ကြီးချုပ် Kevin Rudd ပြန်ပြီး အာဏာရခဲ့ပြီးနောက် ဝန်ကြီးအဖွဲ့သစ်ကို ဖွဲ့စည်းခန့်အပ်တဲ့ အပြင် ဝန်ကြီးဌါန အသစ်တခု ဖြစ်တဲ့ နိုင်ငံတကာကူညီထောက်ပံ့ရေး ဝန်ကြီး ဌါနသစ်ကိုဖွဲ့စည်းပြီး ဝန်ကြီးအဖြစ် ကုလသမဂ္ဂ ရှေ့နေဖြစ်ခဲ့သူ Melissa Parke ကို ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။

နိုင်ငံတကာကူညီထောက်ပံ့ရေး ဝန်ကြီး ဌါန ဝန်ကြီး အဖြစ် ခန့်အပ်ခံရတဲ့ ကုလသမဂ္ဂ ရှေ့နေဖြစ်ခဲ့သူ Melissa Parke


အခုလို ​နိုင်ငံတကာကူညီထောက်ပံ့ရေး ​ဝန်ကြီးဌါနသစ် ​ဖွင့်လှစ်လိုက်​တာကို ​ထောက်ပံ့ကြေး ​အေဂျင်စီ တွေက ​ဝမ်းပန်း​တသာ ​ကြိုဆိုခဲ့ကြပါတယ်။

အခုလို ​ဝန်ကြီးသစ်ခန့်အပ်ချိန်ဟာ ​သြစတြေးလျ ​နိုင်ငံက ​နိုင်ငံတကာအတွက် ​ထောက်ပံ့ကြေးငွေ ​သုံးစွဲ နိုင်တဲ့ ​အင်အားလျော့ကျနေချိန်လဲ ဖြစ်ပါတယ်။

ဒီလို ​ဖြစ်ရတာဟာလဲ ​ဒီငွေတွေကို ​သြစတြေးလျနိုင်ငံကို ​ရောက်လာတဲ့ ​ခိုလှုံခွင့်တောင်းလိုသူများအတွက် ​အသုံးချခဲ့တဲ့အတွက် ​ဖြစ်ပါတယ်။

Oxfam ​Australia ​လို့ခေါ်တဲ့ ​ထောက်ပံ့ရေး ​အေဂျင်စီက ​အကြီး ​အကဲ ​Helen ​Szokeကတော့ ဝန်ကြီးချုပ် အနေနဲ့ ​ဆောက်ရွက်တဲ့ ​ခြေလှမ်းမှန်ဖြစ်တဲ့အကြောင်း ​- ​လူမှန်ကို ရွေးချယ်တဲ့ အကြောင်း - အခု ရွေးချယ် လိုက်သူဟာ ကုလသမဂ္ဂနဲ့လူ့အခွင့်အရေး ဆိုင်ရာကဏ္ဍတွေမှာ နှံ့စပ်ကျွမ်းကျင်သူ ဖြစ်တဲ့အတွက် နိုင်ငံ တကာက ဖွံ့ဖြိုးရေးလိုအပ်ချက်တွေကို ပါးနပ်စွာ ကျွမ်းကျင်တတ်သိသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးသစ်နေရာကို ​စိုးရိမ်မကင်းဖြစ်နေကြသူတွေကတော့ ​နိုင်ငံခြားထောက်ပံ့ကြေးအားပေးမှုကို ​အားမ ပေးတဲ့ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​နဲ့ ​ထိပ်တိုက် ​ရင်ဆိုင်ရမှာဖြစ်တယ်လို့ ​စိုးရိမ် ​မကင်း ​ဖြစ်နေကြ ပါတယ်။ 

သြစတြေးလျ ​နိုင်ငံဟာ ​အခုအခါမှာ ​ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ဖြစ်နေတဲ့အတွက်ကြောင့် ​ကမ္ဘာမှာ ​ဖြစ်နေတဲ့ဆင်းရဲမွဲတေမှု ​ပြဿနာတွေကို ​တိုက်ဖျက်ရာမှာ ​သြစတြေးလျ ​နိုင်ငံက ​ပိုပြီး ​ထိရောက် မှု​ရှိမှာဖြစ်တယ်လို့ ​ပြောဆိုနေ ​ကြပါတယ်။

ABC Radio Australia

No comments: