Friday, 05 July 2013
မြောက်ကိုးရီးယားနိုင်ငံက နျူးကလီးယားလက်နက် ကိစ္စနဲ့ပတ်သက်ပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့အတွက် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကို ပြန်လည်စတင်သင့်တယ်လို့ ရုရှားနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
ရုရှားနိုင်ငံက မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ မြောက်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေချိန်အတွင်း အခုလို တိုက်တွန်းတောင်းဆိုမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ငါးနာရီကြာတဲ့ တွေ့ဆုံ
ဆွေးနွေးမှုအတွင်းမှာ စနစ်တကျနဲ့ အရေးပါတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ကိုးရီးယားနိုင်ငံက သူတို့ရဲ့ နျူးကလီးယား လက်နက်အစီအစဉ်ကို ဘယ်တော့မှ ရပ်ဆိုင်းမှာမဟုတ် ဘူးလို့ ပြောခဲ့တာရှိပြီး ဒါပေမယ့် အမေရိကန်နိုင်ငံနဲ့ တိုက်ရိုက်စကားပြောဆို ဆွေးနွေးနိုင်ဖို့အတွက် ဖွင့် ထားတဲ့လမ်းကိုတော့ ဆက်လက် ထိမ်းထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လတွေတုန်းက ကိုးရီးယားကျွန်းဆွယ်က တင်းမာမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ မြောက်ကိုးရီးယား နဲ့ တောင်ကိုးရီးယားတို့နှစ်ဖက်ကြားမှာ တင်းမာမှုတွေ ဖြစ်ခဲ့ပြီးတော့ နယ်စပ်မှာ ပူးတွဲဖွင့်လှစ်ထားတဲ့ စက်မှုဇုံကိုပိတ်ချ လိုက်ပါတယ်။
ဒါပေမယ့်အခုအခါမှာ နှစ်ဖက်စလုံးက စက်မှုဇုံကို ပြန်လည်ဖြစ်လှစ်ဖို့အတွက် စကားပြောဆိုနွေးဆွေးမှု ပြုလုပ်ဖို့ သဘောတူလိုက်ပြီးလို့ သိရပါတယ်။
မြောက်ကိုးရီးယားနိုင်ငံ နယ်စပ်ဒေသ ဖြတ်ကျော်ခွင့် ပြန်လည်ဖွင့်လိုက်ပြီး တောင်ကိုးရီးယား ဖက်က စီးပွားရေးသမားတွေကို ပိတ်ထားတဲ့စက်မှုဇုံက စီးပွားရေးတွေ ပြန်လည် စစ်ဆေးခွင့် ပြုလိုက်ပြီးတဲ့ နောက်ပိုင်း အခုလိုဆွေးနွေးမှုပြုလုပ်ဖို့အတွက် နှစ်ဖက်စလုံးက သဘောတူလိုက်တာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ မြောက်ကိုးရီးယားက တောင်ကိုးရီးယားကို အင်တာနက်ကနေတဆင့် တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ တောင်ကိုးရီးယား ဖက်က စွပ်စွဲထားပါတယ်။
တောင်ကိုးရီးယားနိုင်ငံက အရေးကြီးတဲ့ အချက်အလက်တွေ တိုက်ခိုက်ခံရမှု များလာတဲ့အတွက် အင်တာ နက် လုံခြုံရေးနဲ့ပတ်သက်ပြီး နှစ်ဆတိုးမြှင့် လုပ်ဆောင်ဖို့အတွက် အထူးကျွမ်းကျင်သူ ငါးထောင်ကို သင်တန်းပေးသွားဖို့ရှိတယ်လို့သိရပါတယ်။ အဲဒီအတွက် ၂၀၁၇နှစ်အထိကို ဘတ်ဂျက်ငွေ သုံးစရိတ် ဒေါ်လာ ၈.၈ သန်း အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။
ABC Radio Australia

No comments:
Post a Comment