Monday, July 22, 2013

သွေးလှူဒါန်းလျှင် နှလုံးရောဂါ လျော့ပါးနိုင်



Monday, July 22, 2013
လေဖြတ်ခြင်းနှင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ အလား အလာသည် သွေးမ လှူသည့် လူထက် သွေးလှူဒါန်းသည့် လူများတွင် သုံးပုံ တစ်ပုံခန့် နည်းပါး နိုင်ကြောင်း ကျန်းမာရေး အတိုင်ပင်ခံ ဦးစိုးထွဋ်က ပြောသည်။

သွေးလှူရှင်တွေ အနေနဲ့ သွေးလိုနေတဲ့ လူနာအတွက် သွေးလှူလိုက်ရလို့ကျေနပ် ပီတိတွေ ခံစား ရတာ အပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူး တွေလည်း ရရှိစေပါတယ်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လူ၏ခန္ဓာကိုယ်မှ ထုတ်လုပ် ပေးနေသည့် သွေးကို ပုံမှန်လှူဒါန်း ပေးခြင်းသည် သွေးထဲမှ ကိုလက်စထရော ပမာဏကို ထိန်းထား နိုင်စေပြီး၊ အထူးသဖြင့် အမျိုးသားများသည် ပုံမှန် သွေးလှူ ဒါန်းခြင်းဖြင့် ကျန်းမာရေး အကျိုး ကျေးဇူးများ စေနိုင်ကြောင်းသိရသည်။

အမျိုးသမီးတွေ အနေနဲ့ ရာသီဓမ္မတာကြောင့် လစဉ် ခန္ဓာကိုယ်ထဲကနေ သွေးတွေဆုံးရှုံးထွက်ရှိလို့ သံဓာတ် ပမာဏ လျော့နည်းကြပေမယ့်၊ အမျိုးသားများအနေနဲ့ သွေးလှူဒါန်းမှုကနေပဲ ကိုယ်တွင်းကသံဓာတ် ပမာဏ ကို လျော့နည်း စေတာပါ။ ထုတ်လှူလိုက်တဲ့ သွေးနဲ့အတူ ပါသွားတဲ့ သံဓာတ်တွေကြောင့် သွေးလှူရှင်ရဲ့ ခန္ဓာ ကိုယ်ထဲက သံဓာတ်တွေလျော့စေတယ်။ သံဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ များလွန်းနေရင်မကောင်းပါဘူး။ သံဓာတ် တွေက ကိုလက်စထရော ဖြစ်စေတဲ့အရာမှာ တစ်ခုအပါ အဝင်ပေါ့။ ကိုလက်စထရောများရင် နှလုံး ရောဂါနဲ့ လေဖြတ်တာကိုဖြစ်စေတယ်။ဟု ၄င်းမှ ဆိုသည်။

ယင်းကြောင့် ပုံမှန် သွေးလှူဒါန်းသည့် သွေးလှူရှင် များသည် သွေးလှူခြင်းဖြင့် မလိုလားအပ်သည့် သံဓာတ် ပမာဏကို လျှော့ချနိုင်ပြီး ကိုလက်စထရောကိုလည်း လျော့နည်းစေကြောင်း သိရသည်။

နောက်အယူအဆ အမှားတွေလည်းရှိတယ်၊ တချို့ကထင်ကြတယ်။သွေးလှူပြီးတဲ့ နောက်ပိုင်းကိုယ်အလေး ချိန်တိုးပြီး ဝလာမယ်၊ သွေးလှူလိုက်လို့ အားနည်းမယ်ဆိုတာတွေပဲ၊ တကယ်တမ်းကတော့ ထုတ်ယူလိုက်တဲ့ သွေးတစ်အိတ်ကြောင့် သွေးလှူရှင်မှာ ကယ်လိုရီ ၆၅ဝစာ လျော့ကျစေတာတော့ မှန်တယ်။ ထုတ်လှူလိုက် တဲ့သွေးတွေကိုအစားထိုးပေးဖို့အတွက် ခန္ဓာကိုယ်က သွေးအသစ်တွေကို အချိန်ပိုင်းအတွင်း ပြန်လည် ထုတ်
လုပ်ပေးပါတယ်။ ဒီတော့ သွေးဆဲလ် အသစ်တွေကို ရရှိစေပါတယ်။

ဒါကြောင့် သွေးလှူဒါန်းတာဟာလတ်ဆတ်တဲ့ သွေးအသစ်တွေရရှိစေပြီး ကျန်းမာလန်းဆန်း စေပါတယ်ဟု ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာ ဦးစိုးထွဋ် က ပြောသည်။

ချစ်ဆုဆွေ
မြ၀တီ

No comments: