Saturday, 27 July 2013
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်ရှိ Myanmar Peace Center တွင် ယနေ့ (ဇူလိုင် ၂၇ ရက်) မွန်းလွဲပိုင်းတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ် ကြောင်း ကော်မတီအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ပြောကြားသည်။
''နိုင်/ကျဉ်း စိစစ်ရေးကော်မတီအစည်းအဝေးကို ၂၇ ရက်မှာ MPC မှာ ကျင်းပမှာပါ။ သမ္မတက ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား အကုန်လွှတ်ပေးမယ်လို့ ပြောထားတာရှိတယ်။ ရှိသမျှ နိုင်ငံရေးအကျဉ်းသားတွေကို ဒီနှစ်ကုန်ဆိုတာထက် စောနိုင်သမျှ အစောဆုံးလွှတ်ပေးစေချင်တယ်။ ကျွန်တော်တို့ကလည်း အဲဒီလို လွှတ်ပေးနိုင်အောင် ကြိုးစားသွားမှာပါ''ဟု ဦးရဲအောင် က ပြောကြားသည်။
ထို့ပြင် ဇူလိုင် ၂၃ ရက်က လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှတင်ပြသည့် နိုင်ငံရေး အကျဉ်းသားများ စာရင်းအား နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၇၃ ဦးအား ဇူလိုင် ၂၄ ရက်ထုတ် အစိုးရသတင်းစာများတွင် နိုင်ငံသားအကျဉ်းသားဟု ဖော်ပြ ထားမှုအား ကော်မတီ အစည်းအဝေးတွင် ကန့်ကွက်ကြောင်း တင်ပြသွားမည်ဟု ဦးရဲအောင်က ပြောကြား သည်။
အစိုးရ သတင်းစာတွင် နိုင်ငံသား အကျဉ်းသားဟု ဖော်ပြမှုနှင့် ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့က ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားဟုသုံးနှုန်းထားသော်လည်း အစိုးရသတင်းစာ များက နိုင်ငံသားအကျဉ်းသားဟု သုံးနှုန်းပြီး ရေးသားဖော်ပြမှုသည် သမ္မတ၏ ပြောကြားချက်နှင့် မကိုက် ညီကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင် ၂၇ ရက်တွင် ကျင်းပမည့် လက်ကျန်နိုင်ငံရေး အကျဉ်းသား များ စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် တင်ပြသွားမည်...
''နိုင်ငံရေးနဲ့ ဆက်နွှယ်သူတွေကို စိစစ် ပြီး လွှတ်ပေးတာ ဖြစ်တဲ့အတွက်နိုင်ငံရေး အကျဉ်းသားလို့ သမ္မတ အနေနဲ့ ရဲရဲတင်းတင်း သုံးသင့်တယ်လို့ မြင်မိပါတယ်။ ဒီလိုသုံးခြင်း မသုံးခြင်းဟာ အသွင်ကူးပြောင်းရေး ကာလမှာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု တည်ဆောက်ဖို့ ဒါဟာ အနှောင့်အယှက် ဖြစ်စေပါ တယ်။ ထောင်ထဲမှာ ရှိတဲ့သူ အများစုဟာ နိုင်ငံသား အကျဉ်းသားတွေ ချည်းပါပဲ။ နိုင်ငံခြားသား ရာနှုန်း အလွန်နည်းပါတယ်'' ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ဆိုသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသားဟု သုံးနှုန်းထားသော်လည်း အစိုးရ သတင်းစာများက နိုင်ငံသား အကျဉ်းသားဟု သုံးနှုန်းပြီး ရေးသား ဖော်ပြမှုသည် သမ္မတ၏ ပြောကြား ချက်နှင့် မကိုက်ညီကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင် ၂၇ ရက်တွင် ကျင်းပမည့် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် တင်ပြသွားမည်ဟု ဦးရဲအောင်က ပြောကြားသည်။
နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန(၃)၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကို ဖေဖော်ဝါရီ ၆ ရက်က စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ကော်မတီသက်တမ်း သုံးလကျော် အကြာတွင် လွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် အဖွဲ့ဝင် ၁၉ ဦးဖြင့် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
ကော်မတီသက်တမ်း ငါးလကျော်အတွင်း အကျဉ်းသား လွှတ်ပေးမှု သုံးကြိမ်ရှိခဲ့ပြီး အကျဉ်းသားပေါင်း ၁၈၉ ဦး လွတ်မြောက်လာရာ နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် အခြားပြစ်မှု ပြစ်ဒဏ်များဖြင့် ပြစ်ဒဏ်ကျခံရ သူများလည်း ပါဝင်ခဲ့သည်။
သမ္မတဦးသိန်းစိန်က ''ယခုနှစ်ကုန်ချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ဦးမျှ မကျန်အောင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ကတိပြုပြော ကြားလိုပါတယ်'' ဟု ဗြိတိန်ခရီးစဉ်တွင် ဇူလိုင် ၁၅ ရက်က ပြောကြားခဲ့သည်။
eleven media group
No comments:
Post a Comment