Saturday, July 27, 2013

လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေကြမ်းပါ ပိုင်ဆိုင်မှုစာရင်းများအား သမ္မတထံ ပေးပို့ရမည့်အချက်ကို သမ္မတက နုတ်ပယ်လိုသော်လည်း လွှတ်တော်မှထည့်သွင်းရန် မဲအများစုဖြင့် အတည်ပြုဆုံးဖြတ်


Saturday, 27 July 2013


လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေကြမ်းပါ ပိုင်ဆိုင်မှုများအား စာရင်းပြုစု၍ နိုင်ငံတော် သမ္မတထံ ပေးပို့ရမည် ဆိုသောအချက်ကို သမ္မတမှ နုတ်ပယ်လိုသော်လည်း ပြည်ထောင်စု လွှတ်တော်မှ ယင်းအချက် ကို ထည့်သွင်းရန် အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ဇူလိုင် ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ပြင်ဆင် ရန် သဘောထားမှတ်ချက် ၁၂ ချက်အထိ ပါဝင်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း အပေါ် ပြန်လည်ပြင်ဆင် အတည်ပြုနိုင်ရန် ပေးပို့ခဲ့သည့်အပေါ် ဆွေးနွေးအတည်ပြုခဲ့ကြသည်။


နိုင်ငံတော်သမ္မတမှ ပေးပို့သည့် အချက်များထဲတွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေကြမ်း ပုဒ်မ ၁၃ ပါ ကော်မရှင် အဖွဲ့ဝင်များသည်ကော်မရှင်တွင် တာဝန်ပေးအပ်ခြင်း ခံရသည့်အခါတွင် မိမိတို့ ဦးစီး သည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင် ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော် သမ္မတထံပေးပို့ရမည် ဆိုသော အချက်အား ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်မှု မရှိသဖြင့် နုတ်ပယ်သင့်ပါသည်ဟု သမ္မတက သဘောထားမှတ်ချက် ပြုခဲ့သည်။

ဇူလိုင် ၂၆ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေ ကြမ်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒရယူကာ မဲခွဲဆုံးဖြတ် အတည်ပြု လိုက်
သည့် အချက် ၁၂ ချက်တွင် နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း အတည်ပြုခဲ့သည့်အချက် နှစ်ချက် ပါဝင်...

အဆိုပါအချက်နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထား ကို မဲခွဲဆုံးဖြတ်ခဲ့ရာပြည်ထောင်စုလွှတ်တော်မှ ယခင်အတည်ပြုထားသည့်အတိုင်း ထည့်သွင်းရန်အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။

ထို့အတွက် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေကြမ်းအား နောက်ပိုင်းတွင် နိုင်ငံတော် သမ္မတ က လည်း လက်ခံ၍ အတည်ပြုခဲ့မည်ဆိုပါက အဆိုပါ ဥပဒေအရဖွဲ့စည်းထားသည့် ကော်မရှင်အဖွဲ့ဝင်များ သည် ကော်မရှင်တွင် တာဝန်ပေးအပ်ခြင်းခံရသည့်အခါ မိမိတို့ ပိုင်ဆိုင်သည့် ပိုင်ဆိုင်မှုအားလုံးကို တန်ဖိုး နှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည် ဖြစ်သည်။

ဇူလိုင် ၂၆ ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေ ကြမ်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒရယူကာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက် သည့် အချက် ၁၂ ချက်တွင် နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း အတည်ပြုခဲ့သည့် အချက်နှစ်ချက် ပါဝင်သည်။

သမ္မတ သဘောထားအတိုင်း ပြင်ဆင်သည့် အချက်ထဲတွင် ဥပဒေကြမ်း၏ ပုဒ်မ ၃၂ အရ ကော်မရှင်က အဆိုပါ ဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ စုံစမ်းထောက်လှမ်းရန် လိုအပ်သည်ဟု ယူဆခံရလျှင် အဆိုပါ စွပ်စွဲခံရသူနှင့် သက်ဆိုင်သော ဘဏ်စာရင်းများကိုပါ စုံစမ်းစစ်ဆေး ခံရမည်ဖြစ်သည်။

eleven media group

No comments: