Wednesday, 03 July 2013
မလေးရှားနိုင်ငံတွင် အကြမ်းဖက်ခံရမှုများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မြန်မာနိုင်ငံ သားဦးရေ တစ်ထောင်ပြည့်သည်အထိ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီ ဖောင်ဒေးရှင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးမိုးဝေက ပြောကြားသည်။
လက်ရှိတွင် ဧရာဝတီ ဖောင်ဒေးရှင်းနှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ မလေးရှားနိုင်ငံရှိ လူမှုကွန်
်ရက်အဖွဲ့အစည်းများ၊ MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး မလေးရှားနိုင်ငံရောက် မြန်မာ ၃၀၀ ကျော်ကို ပြည်တော်ပြန်ခွင့် ရရှိအောင် လုပ်ဆောင်ပေးထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
မလေးရှားရောက် မြန်မာများ အကြမ်းဖက်ခံရမှုများ ဖြစ်ပွား ပြီးနောက်နေရပ်ပြန်လိုသည့် မြန်မာများကို ဇွန်လ ၁၂ ရက်နေ့က စတင် ကူညီဆောင်ရွက်ပေးခဲ့ပြီး မလေးရှား လူဝင်မှု ကြီးကြပ်ရေးသို့ ပေးဆောင် ရမည့် ဒဏ်ကြေးငွေအဖြစ် တစ်ဦးလျှင် ရင်းဂစ် ၄၀၀ ပေးချေပေးခြင်း၊ ဆေး ကုသမှု ခံယူရသူများကိုလည်း ရန်ကုန်မြို့ရှိ ဝိတိုရိယ ဆေးရုံနှင့် တစ်ဝက်စီ အကုန်အကျခံ ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြောင်း၊ ဧရာဝတီ ဖောင်ဒေးရှင်း အစီအစဉ်ဖြင့် ဇွန်လ ၃၀ ရက်နေ့ထိ နေရပ်သို့ ပြန် လာခဲ့ သူပေါင်း ၃၇၃ ဦးရှိပြီး
ဆေးရုံသို့ တက်ရောက် ကုသမှုခံယူခဲ့သူ ရှစ်ဦးကိုလည်း ကူညီခဲ့ကြောင်း အဆိုပါ ဖောင်ဒေးရှင်းထံမှ သိရ
သည်။
The Voice Weekly
No comments:
Post a Comment