Wednesday, 03 July 2013
- အမျိုးသားများဟာ တစ်နေ့ ကို ဆံပင် ချောင်းရေ ၄၀ခန့်  ကျွတ်လေ့ရှိပြီး ၊ အမျိုးသမီးများကတော့ တစ်နေ့  အချောင်းရေ ၇၀ ခန့် ကျွတ်ပါတယ်တဲ့။
- သင့်ရဲ့  သွေးထဲမှာ ရှိတဲ့ ဆားဓာတ်ဟာ ပင်လယ်မှာ ရှိတဲ့ ဆားဓာတ် နဲ့ ပမဏ အတူတူဖြစ်ပါတယ်။
- ညပိုင်းထက် မနက်ပိုင်းမှာ လူတွေဟာ အရပ်ပိုရှည် နိုင်ပါတယ်တဲ့။
- နှလုံးတွင်း သွေးလည်ပတ်မှု နှုန်းဟာ တစ်နေ့ ကို အကြိမ် ၁၀၀၀မျှ ရှိပါတယ်။
- လူတစ်ယောက်ဟာ တစ်နေ့ ကို အနည်းဆုံး မျက်တောင် အကြိမ်၁၅၀ခန့်  ခတ်လေ့ရှိပါတယ်တဲ့။
- သာမန်လူတစ်ယောက်ရဲ့ မျက်ခုံးမှာ မျက်ခုံးမွေး ၅၀၀ပင်ခန့် ရှိပါတယ်။
- ပုံမှန် လူသားတစ်ယောက်မှာ နပ်ဆဲလ်ပေါင်း ၁၀၀ဘီလျံခန့်  ရှိပါတယ်။
- နှာချေတဲ့ အခါ မျက်လုံးဖွင့်ထားလို့ မရနိုင်ပါဘူး။
- လူတစ်ယောက်ရဲ့ အရိုးဟာ ကွန်ကရစ်အစိုင်အခဲထက် လေးဆ သန်မာပါတယ်။
- သင်မွေးကင်းစမှာ ဒူးဆစ်ပါလာခြင်းမရှိသေးဘဲ အသက် ၂နှစ်နဲ့ ခြောက်နှစ် လောက်မှ သာ ဒူးဆစ် စတင် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
- ကလေးငယ်များဟာ နွေရာသီမှာ ကြီးထွားမှု မြန်ပါတယ်။
- မျက်လုံးဆိုဒ်ဟာ ငယ်ကထဲက ကြီးတဲ့ အထိ အတူတူဖြစ်ပြီး ၊ နှာခေါင်းနဲ့  နားဆိုဒ်ကတော့ အသက်နဲ့ အတူ ကြီးထွားလာနိုင်ပါတယ်။
- ကျနော်တို့ ဟာ မွေးမွေးချင်းမှာ အရိုးပေါင်း ၃၀၀ခန့် ရှိပြီး အရွယ်ရောက်တဲ့ အခါ အရိုးပေါင်း ၂၀၆ခုခန့် နဲ့ အဆုံးသတ်သွားပါတယ်။
- လူဦးခေါင်းရိုးဟာ မတူညီတဲ့ အရိုးပေါင်း ၂၆ ခုနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
- ဆံပင်နဲ့  လက်သဲဟာ လူ့ ခန္တာကိုယ်ရှိ ဆဲသေ အရာဝတ္တုခြင်းအတူတူ ဖြစ်ပါတယ်။
- အိပ်ရင်း ဟောက်နေတဲ့ အချိန်မှာ နှလုံး ခုန်နေရင်လည်း ခန္ဓာကိုယ်ရှိ လှုပ်ရှားမှု များဟာ ရပ်တန့် သွားပါတယ်။
- လျှာဟာ လူ့ ကြွက်သားထဲမှာ အသန်မာဆုံး တစ်ခု ဖြစ်ပါတယ်။
- ပုံမှန် အနေနဲ့ လူတစ်ယောက်ဟာ တစ်နေ့ ကို ရေချိုးခန်း ၆ကြိမ်လောက် ၀င်ထွက်လေ့ရှိပါတယ်။
- အစာဟာ ပါးစပ်ကနေ အစာအိမ်ကို ရောက်ဖို့ ခြောက်စက္ကန့် မျှ ကြာမြင့်ပါတယ်။
- ကလေးများမှာ အရွယ်ရောက်သူများထက် အရသာခံနိုင်တဲ့ ဖု လေးများ ပိုပါရှိပါတယ်။
- အိပ်ရင်း ဟောက်တဲ့အခါ ထွက်တဲ့ လေဟာ တစ်နာရီကို မိုင်တစ်ရာ တိုက်တဲ့ လေတိုက်နှုန်းနဲ့  အတူတူပါတဲ့။
- ခန္တာကိုယ်ရဲ့ အကြီးမားဆုံး ကြွက်သားဟာ သင်ထိုင်နေတဲ့ နေရာမှာတဲ့ ၊ တင်ပါးဆုံရိုးကို ပြောတာနော်။
- ခန္ဓာကိုယ်ရဲ့ အသေးငယ်ဆုံး အရိုးဟာ နားရွက်ထဲက အရိုးလေးတွေ ဖြစ်ပါတယ်။
----
Ref:health Tips
Freddy ( MM Social Sky)

No comments:
Post a Comment