Wednesday, 03 July 2013
ကာတာ အခြေစိုက် Ooredoo (အော်ရီဒူး) ဆက်သွယ်ရေး ကုမ္ပဏီသည်မြန်မာ့ဆက်သွယ်ရေးတင်ဒါ အောင်မြင်ကာ လုပ်ငန်းလုပ်ပိုင်ခွင့်များ ရသွားပြီ ဖြစ်သည်။
Ooredoo ကုမ္ပဏီသည် ကောင်းမွန်သည့် သမိုင်းကြောင်းရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး စင်ကာပူ၊ လာအို၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ပါကစ္စတန် နိုင်ငံတို့တွင် မိုဘိုင်းဖုန်း ဝန်ဆောင်မှုလုပ်ငန်းများကိုအောင်မြင်စွာ ဆောင်ရွက် နေသည့် ကုမ္ပဏီ ဖြစ်သည်။ ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံရင်းနှီးမြှုပ်နှံမည် ဖြစ်ကာ၊ နှစ်အနည်းငယ် အတွင်းတွင် မြန်မာနိုင်ငံ လူဦးရေ ၉ဝ ရာခိုင်နှုန်းခန့်အထိ သုံးစွဲနိုင်စေမည့် 3G ကွန်ယက်တစ်ခုကိုလည်း တည်ထောင်မည်ဟု တင်ဒါအဆိုတင်သွင်းစဉ် ကတိပြုခဲ့သည်။
ကုမ္ပဏီအနေဖြင့် အမြတ်အစွန်းများစွာ ရရှိရန်ရည်မှန်း၍ မြန်မာနိုင်ငံသို့ လာရောက်ကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်း ဖြစ်သည်ဆိုသည့် အချက်မှာတော့ မှန်ကန်ပါသည်။ သို့သော် မြန်မာ့ဈေးကွက်သစ်ထဲ၌ အမြတ် အစွန်းများ မရရှိသေးခင်တွင်၊ လိုအပ်သည့်အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ လိုအပ်သည့် ပစ္စည်းကိရိယာများ ဖြည့်ဆည်းခြင်းနှင့် မြန်မာနိုင်ငံအနှံ့အပြား၌ဆက်သွယ်ရေး ကွန်ယက်များတပ်ဆင်တည် ဆောက်ခြင်းတို့ကဲ့သို့သော လုပ်ငန်းများတွင် ဦးစွာ ရင်းနှီးမြှုပ်နှံရမည် ဖြစ်သဖြင့် မြန်မာနိုင်ငံအတွက်လည်း
အကျိုးရှိပေမည်။
ထို့ကြောင့် Ooredoo ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုသည် တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍတွင်သာမက
ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ရောင်းချမှုဆိုင်ရာ ကဏ္ဍများတွင်လည်း အလုပ်အကိုင် အခွင့် အလမ်းများစွာကို ဖန်တီးပေးလိမ့်မည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ဆက်သွယ်ရေးကွန်ယက်များ၊ အလုပ်အကိုင်အခွင့်အလမ်းသစ်များနှင့် အခြေခံအဆောက် အအုံများ လိုအပ်လျက်ရှိရာ Ooredooကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုသင့်ပါသည်။
Ooredoo ကုမ္ပဏီသည် အရှေ့အလယ်ပိုင်းဒေသတွင် အခြေစိုက်သည် ဆိုရုံမျှဖြင့် Ooredoo ကုမ္ပဏီ၏ တင်ဒါအောင်မြင်မှုကို ဆန့်ကျင်ရန် မသင့်ပေ။ ထိုသို့ ဖြစ်ပေါ်လာပါက မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံး ထိခိုက်သွားနိုင်ပါသည်။
Mizzima - News in Burmese
No comments:
Post a Comment