Monday, July 29, 2013

အတိုက်အခံများ ကန့်ကွက်သော်လည်း ကူဝိတ် ရွေးကောက်ပွဲ ဆက်လက် ကျင်းပ

Monday, July 29, 2013



ကူဝိတ် အတိုက်အခံ နိုင်ငံရေးပါတီ အချို့က ဆန့်ကျင် ကန့်ကွက်ထားသော်လည်း တစ်နှစ်အတွင်း ဒုတိယ အကြိမ်မြောက် ပါလီမန် ရွေးကောက်ပွဲကို ဆက်လက်ကျင်းပနေကြောင်း BBC သတင်းတွင် ဖော်ပြထား သည်။

ပါလီမန် လွှတ်တော်ဟောင်းကို ရွေးကောက် တင်မြှောက်ထားသည့် နည်းလမ်းများ မှားယွင်းနေ ကြောင်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးက အမိန့် ချမှတ်ခဲ့ခြင်းကြောင့် ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ်များ ထပ်မံ ပြုလုပ်ရခြင်း ဖြစ်သည်။

ပင်လယ်ကွေ့ဒေသ နိုင်ငံများအနက် ကူဝိတ်ပါလီမန်မှာ လုပ်ပိုင်ခွင့်အများဆုံးရှိသည့် ပါလီမန် ဖြစ်သော် လည်း နိုင်ငံရေးတင်းမာမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် လုပ်ငန်းလည်ပတ်မှုများ မကြာခဏ ရပ်ဆိုင်းနေရသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲ များတွင် အသုံးပြုသည့် ရွေးကောက် ပွဲ ဥပဒေ တရားမျှတမှုမရှိဟုဆိုကာ လစ်ဘရယ် ဝါဒီများ၊ အစ္စလာမ္မစ်ဝါဒီများနှင့်လူမျိုးစု ခေါင်းဆောင်များက ဆန့်ကျင်ခဲ့သည်။

ဥပဒေသစ်ရ မဲဆန္ဒရှင်များအနေနှင့် ကိုယ်စားလှယ်တစ်ဦးသာ ရွေးခြယ်ခွင့် ရမည်ဖြစ်ပြီး ယခင်က ကိုယ်စား လှယ် လေးဦးထိ ရွေးချယ်ခွင့် ပြုထားသည်။

အတိုက်အခံများကို အင်အားလျော့နည်းစေရန်ရည်ရွယ်ပြီး ရွေးကောက်ပွဲ ဥပဒေသစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဥပဒေ အပြောင်းအလဲ ပြုလုပ်လိုပါက ပါလီမန်အတည်ပြုချက်ယူရမည်ဟု အတိုက်အခံများ မှတ်ချက်ပြု သည်။

ကူဝိတ် ပါလီမန်၌ ဥပဒေပြုခွင့် အာဏာရှိသလို အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကိုလည်း ဆင့်ခေါ်နိုင်ခွင့် ရှိသည်။

သို့သော် ကူဝိတ် စော်ဘွားကသာ နိုင်ငံ၏အရေးကြီးကိစ္စများကို ဆုံးဖြတ်ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီး အဖွဲ့များကိုလည်း စော်ဘွား ကိုယ်တိုင် ရွေးခြယ်ခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံ၏စနစ်များ ခိုင်မာအားကောင်းမှု မရှိခြင်း၊ ခုနစ်နှစ် အတွင်း ရွေးကောက်ပွဲ ခြောက်ကြိမ် တိုင်တိုင်ကျင်းပခြင်း စသည့်အချက်များကြောင့် လက်ရှိရွေးကောက်ပွဲကို ကူဝိတ်နိုင်ငံသားများက စိတ်ဝင် စားမှု မရှိတော့ပေ။

ရာမန်ဒန် ဘာသာရေးပွဲတော် ကာလတွင်း ကျရောက်နေခြင်းနှင့် နေအပူချိန် အလွန်အမင်း မြင့်တက် နေ ခြင်းတို့ကြောင့် ရွေးကောက်ပွဲ၌ မဲပေးသူများမည်မဟုတ်ဟု BBC သတင်းတွင် သုံးသပ်ထားသည်။

ကူဝိတ်နိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှုများ တိုးပွားနေခြင်းကြောင့် လတ်တလောရင်ဆိုင်နေရသောအခြေခံ အဆောက်အဦမလုံလောက်မှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှုန်း နှေးကွေးမှု စသည့်အချက်များကို အရေးယူ ဆောင်ရွက်နိုင်ခြင်းမရှိ ဖြစ်နေသည်။

The Voice Weekly

No comments: