Monday, July 22, 2013

သမ္မတ ဦးသိန်းစိန် ဗြိတိန်၊ ပြင်သစ် ခရီးစဉ် အောင်မြင်ဟု ဆို


Monday, 22 July 2013

သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကနေ ဇူလိုင်လ ၁၉ ရက်နေ့ က မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပါပြီ။

ဦးသိန်းစိန်နဲ့ အတူ ခရီးစဉ် အတူပါသွားခဲ့တဲ့ သမ္မတပြောခွင့်ရလည်းဖြစ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ကတော့ အခု သွားခဲ့တဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံခရီးစဉ်ဟာ အောင်မြင်တဲ့ ခရီးစဉ် ဖြစ်ကြောင်း ပြောပါတယ်။ပညာရေးကဏ္ဍနဲ့ပတ်သက်လို့ မြန်မာလူငယ်တွေကို ပညာသင်အထူးအခွင့်အရေးတွေပေးဖို့ သမ္မတပြောဆို ခဲ့သလို စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ရေး တွေလည်းပြောဆိုအောင်မြင်ခဲ့တယ်လို့ ဆိုတယ်။


ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း တိုင်းပြည် တည်ငြိမ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအတည်ဖြစ်ရေး၊ စီးပွားရေး ဒဏ် ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားရေးတွေအတွက် လုပ်နေရလို့ မြန်မာ့ စီးပွားရေး ပြုပြင် ပြောင်းလဲရေးဟာ နိုင်ငံသားတွေကို ခံစားခွင့် မရသေးတဲ့အကြောင်း သမ္မတ ပြောသွားတာကိုလည်း သူက ပြန်ပြောပြီး အခုကစပြီး နိုင်ငံသားတွေရဲ့ ပိုလုပ်ဆောင်ပေးနိုင်တော့မယ်လို့ ပြောပါတယ်။

ဒီနေရာမှာ ဦးရဲထွဋ်က ခရီးစဉ်အတွင်း မြန်မာ့အပြောင်းအလဲကို သံသယဖြစ်သူတွေနဲ့လည်း တွေ့ခဲ့ရတယ် လို့ ဆိုပါတယ်။

သူက ဥပမာ တခုပြတာကတော့ ဗြိတိန်ပါလီမာန်က ဥက္ကဋ္ဌက မြန်မာပြည်ကိုတခါမှမရောက်ဖူးပဲထိုင်း နယ်စပ်လောက်ပဲ ရောက်ပြီး မြန်မာ့လူ့အခွင့်အရေးအခြေအနေမကောင်းဘူးလို့ပြောနေတာအပေါ် သမ္မတ က မြန်မာနိုင်ငံကို အချိန်မရွေး၊ နေရာမရွေး မြန်မာ့အပြောင်းအလဲကို လက်တွေ့ကြည့်ဖို့ဖိတ်ခေါ်ခဲ့တာလည်း ထည့်ပြောသွားပါသေးတယ်။

သမ္မတနဲ့ ဦးရဲထွဋ်တို့ ပြောသွားသလို စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာအောက်ခြေ မြန်မာနိုင်ငံသားတွေ အထိ သက်ရောက်မှု ရှိစေဖို့ ကြိုးစားလုပ်ဆောင်သွားမယ်ဆိုတော့ တကယ်ဖြစ်လာ၊ မလာ စောင့်ကြည့်ရ မှာပါဘဲ။

ဗြိတိန်နဲ့ ပြင်သစ် ခရီးစဉ်အတွင်းမှာ ၂ နိုင်ငံ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ခဲ့သလို စီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဧရာဝတီblog

No comments: