Tuesday, July 09, 2013

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ဗုံးခွဲတိုက်ခိုက်မှုအတွင်းမှာ ဒဏ်ရာရခဲ့တဲ့ မြန်မာ ရဟန်းတော် ဦးဝိလာသဂ္ဂရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်


Tuesday, July 9, 2013

အိန္ဒိယနိုင်ငံ  ဗုဒ္ဓဂါယာ  ဗုံးခွဲတိုက်ခိုက်မှုအတွင်းမှာ ဒဏ်ရာရခဲ့တဲ့ မြန်မာရဟန်းတော် ဦးဝိလာသဂ္ဂရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာတယ်လို့  ဗုဒ္ဓဂါယာ  မဓဂတက္ကသိုလ်မှာ အတူတက်ရောက်နေတဲ့ စာသင်သား မြန်မာရဟန်းတော် အရှင်ကုမုဒက မိန့်ပါတယ်။


ဇူလိုင် ၉ ရက်နေ့မှာ မြန်မာအစိုးရကိုယ်စား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် ဦးကျော်ဆွေတင့် အလှုငွေ လာရောက်လှုဒါန်းပြီး အိန္ဒိယနိုင်ငံရဲ့ ဘီဂျေပီပါတီ ဥက္ကဌ ရာနတ်ဆင်းလည်း ဗုံးဒဏ်ခံရတဲ့ မြန်မာ
ရဟန်းတော် ဦးဝိလာသဂ္ဂကို တွေ့ဆုံ အားပေးသွားပါတယ်။

 မြန်မာစာသင်သား ရဟန်းတော်တွေ နေထိုင်တဲ့ အဆောင်တွေကို အိန္ဒိယအစိုးရက ညပိုင်းမှာ လုံခြုံရေး ချထားပေးပြီး အသွားအလာ အနေအထိုင် ဆင်ခြေဖို့ သတိပေးထားတယ်လို့လည်း အရှင်ကုမုဒက မိန့်ပါတယ်။

DVB TV News

No comments: