Monday, July 29, 2013

ကင်းထောက်အဖွဲ့ဝင် သတ္တမတန်းအထိ လက်ခံမည်


Monday, July 29, 2013

အနှစ် ငါးဆယ်ကျော်ကြာ ရပ်နားထားရာမှ ၂၀၁၂ ခုနှစ်တွင် ပြန်လည်ပေါ်ပေါက်ခဲ့သော မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့တွင် အဖွဲ့ဝင်ဦးရေတိုးမြှင့်ရန် သတ္တမတန်း ကျောင်းသား၊ ကျောင်းသူ များကိုပါ လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ညိုက The Voice သို့ ပြောကြားသည်။

ယင်းကျောင်းသား၊ ကျောင်းသူများကို အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ရန် ကင်းထောက်အဖွဲ့ဝင်ကျောင်း မဖြစ်သေးသော စာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများကို လာမည့်သြဂုတ်လတွင် ငါးရက် တာ သင်တန်းပေးရန်ရှိကြောင်း၊ ယင်းသင်တန်းများ ပြီးဆုံးပါက ကျောင်းသား၊ ကျောင်းသူများကို သင်တန်းများ ပြန်လည် ပို့ချရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။


မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့သည် အာဆီယံ ကင်းထောက်အဖွဲ့ဝင် အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနှစ် နှောင်း ပိုင်းတွင် ပြန်လည်တည်ထောင်ခဲ့ကာ သြစတြေးလျ ကင်းထောက်အဖွဲ့၊ အိန္ဒိယ ကင်းထောက် အဖွဲ့၊ ဂျပန် ကင်းထောက်အဖွဲ့၊ ဟောင်ကောင် ကင်းထောက်အဖွဲ့တို့နှင့် ဆွေးနွေးညှိနှိုင်းမှုများရှိခဲ့သည်။

ယင်းအပြင် ကင်းထောက် အဖွဲ့ဝင်များသည် ယခုအချိန်တွင် ကင်းထောက် ဖွဲ့စည်းပုံ ဥပဒေကို စတင် ရေးဆွဲ လျက်ရှိပြီး ယင်းဥပဒေ ပြီးသွားပါက ပြည်သူ့လွှတ်တော်တွင် တင်သွင်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

The Voice Weekly

No comments: