Monday, July 29, 2013

စင်ကာပူမှာကျောင်းတက်နေတဲ့ မေဖြူဖြူ

Monday, July 29, 2013


မေဖြူဖြူက လတ်တလောမှာ သူ့ရဲ့ ပညာရေးအတွက် စင်ကာပူမှာ ကျောင်းတက် နေပြီဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ လမှာ YUFL က အင်္ဂလိပ်မေဂျာနဲ့ ဘွဲ့ရပြီးပြီး ချင်းမှာပဲ Master of Business Administration and Professional Account Joint Degree ကို စင်ကာပူက James Cook University မှာသွားရောက် သင်ကြား နေေ ကြာင်း မေဖြူဖြူက ပြောပါတယ်။ စင်ကာပူမှာကျောင်းသွားတက်ဖြစ်ခဲ့ပုံ ကိုတော့ မေဖြူဖြူက "အဓိကကတော့ ပညာရေးကလည်း မေဖြူ့အတွက် အရေးကြီးပါတယ်။ အလုပ် အကိုင် အခွင့်အလမ်း ပိုများတော့ အနာဂတ်မှာ အာမခံချက်ပိုရှိတာပေါ့။မေဖြူ့ မိဘနဲ့ ချစ်တဲ့ဘွားဘွားအတွက်ပါ။


ဘွဲ့ကပူးတွဲ နှစ်ဘွဲ့မို့ ၁၆လတက်ရမှာပါ။ ကျောင်း ပြီးရင် CPA ဖြစ်ပြီလေ။ ကိုယ့်နိုင်ငံမှာက ပညာရှင်တွေ လိုကိုလိုအပ်နေတာ လေ။ မေဖြူက ကိုယ့်နိုင်ငံကို ဒီလိုပြန်ပြီး အကျိုးပြုခွင့်ရတော့မှာမို့ တအားဝမ်းသာနေ ပါတယ်"လို့ ပြောပါတယ်။ ကျောင်းပိတ်ရက်တွေမှာလည်း မြန်မာနိုင်ငံကို ပြန်လာပြီး အနုပညာအလုပ်တွေ ကို လုပ်မှာဖြစ်တာကြောင့် ပရိသတ်တွေအတွက်လည်း မလစ်ဟင်းတော့ဘူးဆိုတဲ့မေဖြူဖြူက စင်ကာပူမှာ ကျောင်း တက်ရတာ ပျော်ရွှင်ကြောင်းကိုလည်း "ကျောင်းတက်ရတာပျော်သလား မမေးနဲ့ပါးစပ်တောင် နားရွက်ချိတ် နေပြီ။ သူငယ်ချင်းတွေကိုတောင် မြန်မာနိုင်ငံအလည်ဖိတ်ထားသေးတယ်။

မေဖြူ့ဘဝကရိုးရိုးလေးပါ။ရတဲ့သူငယ်ချင်းတွေကလည်း လူမျိုး၊ဘာသာ၊ နိုင်ငံ၊ ယဉ်ကျေးမှုမတူကြပေမယ့် ခပ်အေးအေးသမားတွေပဲမို့ အဆင်ပြေပါတယ်။ ပညာလိုချင်လို့ လာကြသူတွေပါပဲ။ ကူညီတတ်တယ်။ နားလည်တတ်တယ်။ စာအတူတူ လုပ်နေကြရတာကိုက အပျော်ဆုံးပါပဲ။ပရိသတ်နဲ့လည်းအဆက်အသွယ်ရ ပါတယ်။ မေဖြူ assignment တွေမရှိတဲ့အပတ်ဆိုရင် ပြန်လာတာပဲ။ တခြား Shopping ထွက်တာ တို့ ဘာတို့မှ မရှိတာ။ စားစရိတ်အပြင်ပိုကုန်တာမရှိတော့ မိသားစုဆီ ပြန်ပြန်လာနိုင်တယ်။ ချစ်ပရိသတ်တွေနဲ့ လည်း မလစ်ဟင်းတော့ဘူးလေ။ ပိုကောင်းသွားတာက မေဖြူအာရုံရတာနဲ့ သီချင်းရေးဖို့ အချိန်ရှိသွားတယ်။

နောက်ပြီး ပေါင်းသင်းဆက်ဆံ ရေးလည်း ကောင်းလာတယ်။ ရှေ့ဆက်ပြီးလည်း အနုပညာအလုပ်တွေ လုပ်သွားမှာပါ။ မေဖြူက ပြည်သူထဲက အနုပညာရှင်ပေါ့"လို့ ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

No comments: