Monday, July 22, 2013
ယခင်အစိုးရလက်ထက်၌ တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့၁၇ဖွဲ့နှင့်အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီးယခု အစိုးရ လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၁၃ဖွဲ့ဖြင့်သာအပစ်အခတ်ရပ်စဲ နိုင်သေးကြောင်းသိရသည်။
ယင်းကဲ့သို့အပစ်အခတ်ရပ်စဲနိုင်ခဲ့သော၁၃ဖွဲ့ထဲတွင်ယခင်က အစိုးရလက်ထက်ကအပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးနိုင်ခဲ့သော KNU,RCSS,SSA စသည့် တိုင်းရင်းသားလက်နက် ကိုင်၃ဖွဲ့ အားအပစ်အခတ်ရပ်စဲနိုင်ခဲ့ကြောင်း Myanmar Peace Centre မှ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောသည်။
““၁၉၈၉-၁၉၉၄ နောက်ပိုင်း အထိတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့၁၇ဖွဲ့နဲ့အပစ်အခတ်ရပ်စဲ နိုင်ခဲ့တာရှိ တယ်။ ဒီအစိုးရလက် ထက်မှာတော့၁၃ဖွဲ့သာအပစ်အခတ် ရပ်စဲနိုင်သေးတယ်။ ဒါပေမယ့် အရင်အစိုးရတုန်း က လက်မှတ်မရေးထိုးနိုင်ခဲ့တဲ့ KNU,RCSS,SSA အဖွဲ့သုံးဖွဲ့ကိုတော့ဒီအစိုးရလက်ထက်မှာလက်မှတ်ရေး ထိုးနိုင်ခဲ့တယ်””ဟုဦးလှမောင်ရွှေကပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်နိုင်ငံတော်အစိုးရတို့သည် အပစ်အခတ်ရပ်စဲမှုအားရေရှည်တည် တံ့အောင်ဖော်ဆောင်လျက်ရှိပြီးများမကြာမီအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များနှင့်အပြန် အလှန်နိုင်ငံရေးဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။
““အခုလတ်တလောအခြေအနေက တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များနဲ့ ကျွန်တော်တို့ ဟာ အပစ် အခတ်ရပ်စဲရေး၊ ကိုခိုင်မာအောင်လုပ်တဲ့အဆင့်မှာပဲရှိပါသေးတယ်။အပစ်အခတ်တွေရပ်ပြီးရင် နိုင်ငံရေး ဆွေးနွေး သွားဖို့ကလည်းလုပ်နေတယ်”” ဟု အဆိုပါပုဂ္ဂိုလ်မှထပ်လောင်းပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကယခုအစိုးရလက်ထက် အတွင်းအပစ်အခတ်ရပ်စဲမှုသာဆွေးနွေး နိုင်ခဲ့ပါက နောင်အစိုးရလက်ထက်အထိအပစ်အခတ်ရပ်စဲထားသည့်အနေအထားဖြင့်သာ သွားမည်ဖြစ် ကြောင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ DKBA မှခေါင်းဆောင်ဗိုလ်မှူးချုပ်စောလားဖွယ်ကပြောသည်။
““အစိုးရကကျွန်တော်တို့နဲ့ ငြိမ်းချမ်းရေးမဆွေးနွေးသေးဘူး။ အပစ်အခတ်ပဲရပ်စဲထားသေးတယ်ဆိုတာ ကျွန်တော်တို့ကို အသက်ရှုခွင့်သာပေးထားတာ ဖြစ်ပါတယ်။အသက်ရှုခွင့်သာ ပေးထားတာဖြစ်ပါတယ်။ အသက်ရှင်ခွင့်ပေးထားတာမဟုတ်ပါဘူး။တကယ်လို့ဒီအစိုးရသက်တမ်းကုန်တဲ့အထိငြိမ်းချမ်းရေးမဆွေး နွေးသေးဘူး။အပစ်အခတ်ရပ်စဲတဲ့အဆင့်ပဲရှိသေးတယ်ဆိုရင်နောင်အစိုးရအထိဒီအတိုင်းပဲသွားမှာဖြစ်ပါတယ်”ဟုဗိုလ်မှူးချုပ် စောလားဖွယ် က ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည်တစ်စုံတစ်ခုသော အကြောင်းအရာကြောင့်အစိုးရ တပ်နှင့်စစ် တိုက်ရခြင်းဖြစ်ပြီးနှစ်ဖက်စစ်သားများသေကြေနေသော တိုက်ပွဲများအားမတိုက်ချင်တော့ ကြောင်းKIO မှ
အကြီးတန်းအရာရှိ တစ်ဦးကပြောသည်။
““ကျွန်တော်တို့ကချင်နဲ့အစိုးရနဲ့စစ်ဖြစ်တယ်ဆိုရင်အစိုးရဘက်က စစ်သားတွေသေကြေရသလို ကျွန်တော် တို့ဘက်ကစစ်သားတွေ လည်းသေကြေရပါတယ်။ ကျွန်တော်တို့ကတစ်စုံတစ်ခုသော အကြောင်းအရာ ကြောင့်လက်နကိုင်နေရတာပါ။အမှန်အတိုင်း ပြောမယ်ဆိုရင်တစ်ဖက်နဲ့တစ်ဖက်သေကြေနေတဲ့စစ်ပွဲ တွေကို မတိုက်ချင်တော့ပါဘူး””ဟု၎င်းကပြောသည်။
မြန်မာနိုငံတွင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အများအပြား ရှိပြီး၎င်းတို့တပ်အင်အားသည် ၁သိန်းခွဲခန့် ရှိကြောင်းMyanmar Peace Centre မှငြိမ်းချမ်းရေး အကျိုးတော်ဆောင်၊နိုင်ငံတော် သမ္မတ၏အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေ၏ပြောကြားချက် အရသိရသည်။
The Hot News

No comments:
Post a Comment