Tuesday, July 09, 2013

ဘာကြောင့် မျက်တောင် ခတ်ရတာလဲ


Tuesday, July 9, 2013

မျက်တောင်ခတ်တဲ့အလုပ်ကို ကိုယ်တိုင်သတိမထားမိဘဲ(၄) စက္ကန့် မှ (၁၀)စက္ကန့်တိုင်းပြုလေ့ရှိကြပါတယ်။ သိစိတ်နှင့်ထိန်းချုပ်ခိုင်းစေပြီး မျက် တောင်ခတ်လို့ရသလို မိမိမသိဘဲနှင့် လည်းအလိုအလျောက်ခတ်
တတ်ပါတယ်။


မျက်လုံးတစ်လုံးစီမှာ lacrimal gland လို့ခေါ်တဲ့ မျက်ရည်အိတ်ရှိပြီး မျက်လုံးနှင့်မျက်ကြည်လွှာပတ်လည်ရှိ အညစ်အကြေးများဆေးကြောရန်၊ စိုစွတ်စေရန် မျက်ရည်အနည်းငယ်စီထုတ်ပေးလျက်ရှိပါတယ်။

ထိုမျက် ရည်များ နေရာအနှံ့ရောက်စေရန် မျက်တောင်ခတ်ပေးရပါတယ်။ဖုန်၊ မှုန်၊ အမှိုက်တစ်ခုခု မျက် လုံးထဲဝင်ခါနီးမှာ အလိုအလျောက် မျက်တောင်ခတ်ပါတယ်။ အမှိုက်စ ဟာ မျက်တောင်မွေးမှာ ရှေးဦးစွာ ကပ်ငြိပြီး မျက်လုံးထဲ မရောက်အောင် တားဆီးခံရပါတယ်။ မျက်တောင်မွေး ကိုကျော်ပြီး မျက်လုံးထဲဝင် လာလျှင် မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အမှိုက်စကိုဖယ်ရှားရပါတယ်။

ကွန်ပြူတာမှန်သားပြင်ကို စိတ် နှစ်ပြီးကြာရှည်ကြည့်တဲ့အခါ၊ အပ်ချုပ်တာလို၊ ပန်းထိုးတာလို အာရုံ စူးစိုက် ကြည့်ရတဲ့ အလုပ်မျိုးကို ကြာရှည်လုပ်တဲ့အခါ ဦးနှောက်ကအလိုအလျောက်မျက်တောင်ခတ်ဖို့ မေ့လျော့ နေတာကြောင့် မျက်လုံးများ အလွန်ပင်ပန်းနွမ်းနယ်လာတတ်ပါတယ်။

စိတ်မပါတဲ့အလုပ်တစ်ခုကို အတင်းစိတ်နှစ်ပြီး လုပ်ရတဲ့အခါမှာ လည်း မကျေမနပ်ဖြစ်ပြီး မျက်တောင် ခတ်တတ်ပါတယ်။ လိမ်ပြောတဲ့အခါ မှာလည်း မျက်တောင်ပိုခတ်ပါတယ်။ စာသင်ခန်းထဲမှာ ဆရာက တစ်ယောက် ချင်း စာမေးတဲ့အခါ ဖြေရတဲ့ကျောင်းသားအနေနှင့် မျက်တောင်ပိုခတ်ပါတယ်။

ဇော်ကို
Source:RD
Health Updates Journal

No comments: