Tuesday, July 9, 2013
(၁) အကူအညီရယူပါ
နှစ်စဉ်ကမ္ဘာ့လူဦးရေ၏ (၄၇) ရာခိုင်နှုန်းခန့် ခေါင်းကိုက်ဝေဒနာခံစားရလေ့ရှိသည်။ အမေရိကန်နှင့် ဗြိတိန် နိုင်ငံတို့တွင် ခေါင်းကိုက်ဝေဒနာ ခံစား ရသူတို့၏ ထက်ဝက်ခန့်သာ ဆေးကုသ မှု ခံယူလေ့ရှိကြသည်။
(၂) ချောကလက်စားလျှင်သတိရှိပါ
ချောကလက်တွင် ပါဝင်သော ပစ္စည်းများသည်အချို့လူများ၌ ခေါင်း ကိုက်ဝေဒနာဖြစ်စေတတ်သည်။ ခေါင်း ကိုက်နေလျှင် ရက်သတ္တပတ် နှစ်ပတ်ခန့်ရှောင်ကြည့်ပါ။ ထို့နောက် နည်းနည်းစီပြန်စားကြည့်ပါ။ ခေါင်းကိုက် လာလျှင် ချောကလက်နှင့် မတည့်ဟု ယူဆနိုင်သည်။
(၃) အရက်လျှော့သောက်ပါ
အရက်ကြောင့် သွေးကြောများ ကျယ်စေပြီး ခေါင်းအလွန်ကိုက်စေသည်။
(၄) စိတ်ဖိစီးမှုလျှော့ပါ
တရားမှတ်ခြင်း၊ အိပ်မွေ့ချခြင်း၊ ယောဂကျင့်ခြင်း စသည့်နည်းလမ်း တစ်ခုခုဖြင့် စိတ်ဖိစီးမှုလျှော့ခြင်းဖြင့် လည်းခေါင်းကိုက်သက်သာစေသည်။
(၅) ဓမ္မတာချိန်အတွက်ပြင်ဆင်ထားပါ
ဓမ္မတာလာချိန်တွင် မြင့်တက်လာတတ်သည့် ဟော်မုန်းများ ကြောင့် ခေါင်းကိုက်ဝေဒနာ ဖြစ်တတ်သည်။ သားဖွားမီးယပ်ဆရာ ဝန်နှင့်တိုင်ပင်၍ ကုသမှုခံယူပါ။
ဇော်ကို
Source:WebMD
Health Updates Journal

No comments:
Post a Comment