Monday, 01 July 2013
ထိုင်းနိုင်ငံက ကဲဘိနက်ဝန်ကြီးအဖွဲ့ အပြောင်းအလဲမှာ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝ Yingluck Shinawatra က ထိုင်းနိုင်ငံက ရာဇဝင်မှာ ပထမဦးဆုံးသော အမျိုးသမီး ကာကွယ်ရေး ဝန်ကြီး
အဖြစ် တာဝန်ခန့်အပ်ခြင်း ခံရပါတယ်။
ကာကွယ်ရေးဝန်ကြီး အဖြစ် ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီး ဌါနတွင်း အမြင့်ဆုံး ရာထူးတွေကို ခန့်
အပ်ခွင့် အာဏာအပြည့်ကိုလဲ ရရှိတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ကာကွယ်ရေးတပ်ဟာ နိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာ သိမ်းပိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်
ခဲ့တဲ့နေရာမှာ အဓိက ပါဝင်ခဲ့တဲ့အပြင်၊ လက်ရှိ ဝန်ကြီးချုပ်နဲ့ အကို တော်သူ ဝန်ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နဝကို ဖြုတ်ချရာမှာလဲ စစ်တပ်ကဘဲ ဦးစီး ဦးဆောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် Yingluck Shinawatra က သူ့ အနေနဲ့ ထိုင်းစစ်တပ်နဲ့ ခိုင်မာတောင့်တင်းတဲ့ ဆက်ဆံရေး
ရှိတဲ့အတွက် ကာကွယ်ရေး ထိပ်တန်းအရာရှိတွေ နဲ့ ပြဿနာတက်စရာမရှိ ဘူးလို့ ဆိုပါတယ်။
သြဇာအာဏာ ကြီးမားတဲ့ ထိုင်းကာကွယ်ရေး စစ်တပ်မတော်ဟာ တော်ဝင်ဘုရင်ကြီးကို တရားဝင်အကာ အကွယ်ပေးတဲ့ တာဝန်နဲ့ တော်ဝင်နန်းဆက်ကိုလဲ ကာကွယ်ထောက်ခံမှုပေးရတဲ့ တာဝန်ရှိပါတယ်။
ABC Radio Australia

No comments:
Post a Comment