Monday, 01 July 2013
ၾသစေၾတးလ် နိုင်ငံမှာ ဝန်ကြီးချုပ်အဖြစ် Kevin Rudd အနိုင်ရပြီးနောက် ဒီကနေ့မှာ ဝန်ကြီးအဖွဲ့သစ်ကို ကြေငြာပြီး ဝန်ကြီးသစ်ခန့်ခံ ရသူတွေကလဲ ဘုရင်ခံချုပ်ရှေ့သွားပြီး ကျမ်းကြိမ် ကြရမှာ ဖြစ်ပါတယ်။
ဝန်ကြီး ချုပ်ဟောင်း Julia Gillard နဲ့အတူ အကြီးတန်းဝန်ကြီး(၇)ဦး က အလုပ်နှုတ်ထွက်သွားတဲ့အတွက် ကြောင့် ဝန်ကြီး နေရာတွေ အတွက် လူကောင်းတွေ ထွက်ကုန်ပြီ လို့လဲ သုံးသပ်ထားကြပါတယ်။
ဒုတိယ ဝန်ကြီးချုပ်အဖြစ်နေရာ ၇ာထား ခံထားရတဲ့ Anthony Albanese ကတော့၊ အစိုးရ အဖွဲ့သစ် အနေနဲ့ မကြာခင်မှာ ကျင်းပတော့မယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အတွက် အဓိက မီးမောင်းထိုး ဆောင်ရွက် ကြိုးပမ်းနေကြပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်သစ် အဖြစ် နေရာ ပြန်လည် ရောက်ရှိခဲ့တဲ့ Kevin Rudd တက်လာ ပြီးနောက် ကြိုတင်ကောက် တမ်းတွေဟာ Kevin Rudd ကို ဝန်ကြီးချုပ်အဖြစ် ကြိုက်နှစ်သက်မှု ဟာ ၅၄% အထိ တက်လာပြီး အတိုက် အခံ ကတော့ ၄၅% အထိ ကျဆင်းသွားပါတယ်။
အတိုက်အခံ ခေါင်းဆောင် Tony Abbott ကတော့ ရွေးကောက်ပွဲနီးလာတာ နဲ့အမျှ ဒီလို ကြိုက်နှစ်သက်မှု ကောက်တမ်းတွေ မှာ သိပ်ပြီးကွာခြားမှု မရှိတတ်တာ တွေကို မျှော်လင့်ပြီး သား ဖြစ်တယ်လို့ ဆိုပါတယ်။
ပါတီ ၂ ခု ကြား ကြိုက်နှစ်သက်မှု မှာ ၅၁% နဲ့ အတိုက်အခံ ဘက်က မဲသာနေပြီး လေဘာပါတီ အနေနဲ့ ၄၉% သာရှိတဲ့ အတွက် Kevin Rudd ဦးဆောင်တဲ့ ပါတီအနေနဲ့ အနိုင်ရဖို့ အတွက် အများကြီး ကြိုးပမ်း ရဦးမှာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။
အဓိကကြတဲ့ ဝန်ကြီးနေရာတွေမှာ ဝန်ကြီးချုပ်က သူ့ကို ထောက်ခံသူတွေ ခန့်အပ်သြစတြေးလျနိုင်ငံမှာ ကယ်ဗင်ရဒ်က ဝန်ကြီးချုပ်ရာထူး ပြန်လည်ရရှိပြီးနောက် သူ့နဲ့ နီးစပ်သူတွေကို အဓိက ကျတဲ့ ဝန်ကြီးရာထူး တွေ ပေးအပ်ပြီး ဝန်ကြီးချုပ်ဟောင်း ဂျူလီယာဂေးလဒ်ကို ထောက်ခံခဲ့သူတွေကိုတော့ အဓိကမကျတဲ့ နေရာတွေမှာ တာဝန်ပေးအပ်လိုက်ပါတယ်။
ဂျူလီယာဂေးလဒ်ကို ထောက်ခံခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီး Tony Burke ကလူဝင်မှုကြီးကြပ်ရေးရာ ဌာနမှာ တာဝန်ခန့်အပ်မှာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Brendan O'Connor ကတော့ အလုပ်အကိုင် ဌာနမှာ အလုပ်ခန့်အပ်ခံရပါတယ်။
ကယ်ဗင်ရဒ်ကို ထောက်ခံတဲ့ Joel Fitzgibbon နဲ့ Kim Carr ကတော့ ပါလီမာန်ရှေ့တမ်းမှာ နေရာရလာပြီး သာမာန် အမတ်သာဖြစ်ခဲ့တဲ့ Richard Marles ကတော့ ကုန်သွယ်ရေးဝန်ကြီးအထိ တိုးမြင့်ခန့်အပ် ခံနေရ ပါတယ်။
ကယ်ဗင်ရဒ်ကို ထောက်ခံခဲ့ပြီး ပါတီတွင်းမှာ အဓိကနေရာယူထားတဲ့ လွှတ်တော်အမတ် Simon Crean ကတော့ နိုင်ငံရေးအလုပ်ကနေ အနားယူတော့မယ်လို့ ကြေညာလိုက်ပါတယ်။
ဝန်ကြီးရာထူးရပြီးသား အမျိုးသမီးတွေအပြင် အမျိုးသမီးလွှတ်တော်အမတ် နောက်ထပ် သုံးဦးပါ ဝန်ကြီး ရာထူးတွေ ရလာတဲ့အတွက် ဒီဝန်ကြီးအဖွဲ့ဟာ သြစတြေးလျနိုင်ငံ သမိုင်းမှာ အမျိုးသမီးဝန်ကြီး အများဆုံး ခန့်အပ်ခံရတဲ့ ဝန်ကြီးအဖွဲ့လည်း ဖြစ်လာကြောင်း သိရပါတယ်။
ABC Radio Australia

No comments:
Post a Comment