Monday, July 01, 2013

Cabbage ဂေါ်ဖီထုပ်


Monday, 01 July 2013

သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန် ကျ လိုနေတဲ့အချိန်မှာ ဂေါ်ဖီထုပ်က သင့်ရဲ့ အကောင်းဆုံး သူငယ်ချင်းဆိုတာ သတိထားမိပါသလား။ ဂေါ်ဖီထုပ်တွင် ကယ်လိုရီပါဝင်မှုမှာ အံ့အားသင့်စရာ ကောင်းလောက် အောင် နည်းပါးပါတယ်။ ချက်ပြုတ်ထားတဲ့ ဂေါ်ဖီထုပ် ပန်းကန်တစ်ဝက် လုံးမှာတောင်မှ ၁၆ကယ်လိုရီပဲ ပါဝင်ပါ တယ်။ ဒါ့အပြင် ဂေါ်ဖီထုပ်ထဲမှာ အဆီနဲ့ ကိုလက်စထရော လုံးဝ မပါဝင်ပါဘူး။ ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ်များ စွာပါဝင်ပြီး ၄င်းက သင့်ရဲ့ ဆာလောင်မှုကို အချိန်အတော်ကြာ ထိန်းပေးထားနိုင်ပါတယ်။


ဒါ့အပြင် ဂေါ်ဖီထုပ်မှာ သကြားဓာတ်ကိန်း အညွှန်း (Glycemic index)နည်းပါးသည့်အတွက် စားပြီးနောက် သွေးတွင်းသကြားဓာတ် တက်မှုကို လည်း သက်သာစေပါတယ်။ ဒါ ကြောင့် ဆီးချိုသမားတွေအတွက် ပိုမို သင့်လျော်ပါတယ်။ ဂေါ်ဖီထုပ်က သင့်ရဲ့ ကိုယ်အလေးချိန်ကျစေရာမှာ ကူညီပေးနိုင်ယုံသာမက ဗီတာမင်စီ ပမာဏများစွာအပြင် အမျှင်ဓာတ် လည်းများစွာပါဝင်သ ဖြင့် ကင်ဆာနဲ့ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါ တယ်။

ဂေါ်ဖီထုပ်ကို စားသောက်ဖို့ ပြင်ဆင်တဲ့အခါမှာလည်း အလွန်အကျွံမချက်မိပါစေနဲ့။ အဲဒီလိုချက်မိရင်
အာဟာရတွေ ဆုံးရှုံးသွားနိုင်တဲ့အတွက်ကြောင့်ပါ။

ဖိုးသောကြာ
Ref: IANS
Health Updates Journal

No comments: