Monday, 01 July 2013
မျက်လုံးဂျယ်တွင် ဆေးပါဝင် သော မပါဝင်သော ဂျယ်လ်ဟူ၍ (၂)မျိုးရှိသည်။ မျက်ရစ်ဖောင်းခြင်း၊ မျက်လုံး တစ်ဝိုက် ကျီးကန်းခြေရာကဲ့သို့ အရေးအကြောင်းများဖြစ်ခြင်း၊ မျက်ကွင်းညိုခြင်း၊ မျက်အိမ်တွဲခြင်းတို့
အတွက် မျက်လုံးဂျယ်လ်ကို အသုံးပြုကြသည်။ အချို့က ဂျယ်လ်ကို အမှုမဲ့အမှတ်မဲ့လက်နှင့်ယူပြီး မျက်လုံး တစ်ဝိုက်အပုံလိုက်ထား၍ လိမ်းချ တတ်ကြသည်။
စင်စစ်ထိရောက်မှု၊ ညင်သာမှုရှိစေရန် ဂရုပြုရမည်။
၁.မျက်လုံးတဝိုက်ကို အရင်ဆုံးသန့် စင်ပါ။ မိတ်ကပ်၊ ဆီများ မျက်လုံး တဝိုက်တွင် အရင်ဆုံးဆေးကြောပါ။ ဤသို့သန့်စင်ရာတွင် မျက်လုံးကို မထိ ခိုက်သောစေသောဆေးမျိုးများကို ရွေးချယ်သုံးပါ။ ဥပမာ Boby oil ကိုဂွမ်းနှင့်တို့ပြီး ဆေးပါ။ ထို့နောက် ရေနွေးနှင့် ဆေးပါ။
၂.ပဲစေ့ငယ်ခန့်မျက်လုံးဂျယ်လ်ကို လက်ညိုးနှင့်ယူ၍ မျက်လုံးတစ်ဝိုက် ကို အစက်ကလေးများ တို့ပါ။
၃.မျက်လုံးအောက်ကို လိမ်းရာတွင် မျက်စေ့နှင့်ဂျယ်လ်ကို မျက်လုံးနှင့် ၃/၄ လက်မခွာ၍ လိမ်းခြင်းဖြင့် မျက်လုံးထဲဝင်ခြင်းစသည့်ကသိက အောက်ခံစားချက်များ မဖြစ်စေပါ။ အစက်များချရာတွင် မျက်လုံး
အတွင်း ဖက်နှာခေါင်းနား ထောင့်စွန်း (နှာခေါင်း အသက်ရှူပေါက်နား)မရောက်မီရပ်ပါ။
၎.မျက်လုံးတဝိုက်ကို လက်ခလယ် သို့မဟုတ် လက်ညိုးနှင့်ညင်သာစွာ လိမ်းပါ။ အားထည့်ပြီး မလိမ်းပါနှင့်။ မျက်လုံးမှနေ၍ ၃/၄ လက်မခွာပြီး လိမ်းဖို့မမေ့ပါနှင့်။
Health Updates Journal

No comments:
Post a Comment