Thursday, 04 July 2013
အမေဇုန်အွန်လိုင်းစတိုးမှာ ရောင်းချဖို့မိတ်ဆက်ပြသထားတဲ့ Casion ထုတ်အမျိုးသားဝတ် လက်ပတ်နာရီ Casio PAW 2000T-7CR အမျိုးစားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
၂၀၁၁ ခုနှစ်ကတည်းကထွက်ရှိထားတယ်ဆိုပေမယ့် အမျိုးသားအကြိုက် ခန့်ညှားတဲ့ ဒီဇိုင်းနဲ့ဖန်တီးထား တာကို မြင်တွေ့ရမှာပါ။ဒစ်ဂျယ်တယ်စနစ်ပြသထားတဲ့ မျက်နှာပြင်ဒိုင်ခွက်နဲ့ နာရီတစ်ခုလုံးကို ခိုင်ခံ့ပေါ့ ပါးစေဖို့အတွက် Titanium သားနဲ့ပြုလုပ်ဖန်တီးထားပါတယ်။
ဆိုလာစနစ်ကိုအသုံးပြုထားတဲ့အတွက် နေရောင်ခြည်ကရရှိလာတဲ့စွမ်းအင်ကိုအသုံးပြုပြီး Battery စနစ်နဲ့ လည်ပတ်စေမှာဖြစ်ပါတယ်။ရေဆိုခံထုတ်လုပ်တားပြီး ရေအနက် ပေ ၃၃၀ အထိခံနိုင်ရည်ရှိကြောင်း အာမ ခံထားပါတယ်။
အွန်လိုင်းစတိုးမှာတော့ ကန်ဒေါ်လာ ၂၇၂ ဝန်းကျင်နဲ့ရောင်းချပေးနေပြီး ပြည်တွင်းဈေးကွက်မှာတော့ တွင်ကျယ်စွာမြင်တွေ့ခြင်းတော့မရှိသေးပါဘူး။
Ref:techblog
Khun Nay(Tsj team)

No comments:
Post a Comment