Tuesday, July 09, 2013

Dell လည်း ဝတ်ဆင်လို့ရသော နည်းပညာပစ္စည်းဈေးကွက်သို့ ဝင်ရောက်မည်


Tuesday, July 9, 2013

Dell ကုမ္မဏီအနေနဲ့ Apple နဲ့ Google တို့လိုပဲ ဝတ်ဆင်နိုင်သော ကွန်ပြူတာနည်းပညာ ပစ္စည်းထုတ်လုပ် ရောင်းချဖို့ ပြင် ဆင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။


ပထမဆုံးအနေနဲ့ Sony တို့လိုမျိုး စမတ်နာရီ ဖန်တီးမှာပါ။ နောက်မှ Google တို့အတိုင်း စမတ် မျက်မှန် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ရှေ့ ဆက်ပြီးတော့လည်း ဝတ်ဆင်လို့ရတဲ့ ကွန်ပြူတာ အသေးစားပုံစံများကို တီထွင်ဖန်တီးမှာ ဖြစ်ကြောင်း သိရပါတယ်။ Dell ကုမ္မဏီရဲ့  ဒုတိယ ဥက္ကဌ ဖြစ်သူ Sam Burd မှ ပြောကြား သွားတာပါ။

“လာမယ့် ၂၀၁၄ ခုနှစ်အတွင်း ကျနော်တို့ နည်းပညာသစ်မိတ်ဆက်ဖို့ ရှိပါတယ်။ ၂၀၁၅ အတွက်လည်း Tablet နဲ့ Hybrid ပစ္စည်းများ ပြင်ဆင်ထားပါတယ်။ ဒီအတွက် ငါးနှစ်စီမံကိန်း ရေါ်ဆွဲထားပါတယ်။ ကွန်ပြူတာဆိုတာ Desktop, Laptop တွေကိုပဲ ရည်ညွန်းတဲ့ခေတ်မဟုတ်တော့ပါဘူး။ လက်ရှိအတိုင်း ဆက်သွားနေရင် Dell ရဲ့  ရှယ်ယာတွေ ကျမြဲတိုင်း ကျအုံးမှာပါ။ ဒါကြောင့် နည်းပညာသစ်နဲ့ ဝတ်ဆင်လို့ ရမယ့် ကွန်ပြူတာနည်းပညာ ပစ္စည်းဘက်ကို ကျနော်တို့ ခြေလှမ်းစတင်ခြင်း ဖြစ်ပါတယ်” လို့ အင်တာဗျူး
တစ်ခုမှာ ပြောကြား သွားပါတယ်။

Dell ဟာ လက်ရှိမှာ ရှယ်ယာတန်ဖိုး ကျဆင်းပြီး တစ်နှစ်တာဝင်ငွေကလည်း တစ်နှစ်ထက်တစ်နှစ် နည်းတဲ့ ကိန်းဂဏန်းပြတာ အမေရိကန် စီးပွားပျက် ကပ်ကတည်းက ဖြစ်ပါတယ်။ သို့ပေမယ့် ၂၀၁၂ နှစ်လယ်ကစလို့ အခြေအနေ ပြန်လည်ကောင်းမွန်လာတဲ့ Dell ဟာ Apple, Microsoft တို့ရဲ့  အဓိကပြိုင်ဘက်များတွင် ပါဝင်လာဖွယ်ရှိကြောင်း သိရပါတယ်။

Ref:pocketlint
TechSpace Journal

No comments: