Tuesday, July 9, 2013
ကွန်ပျူတာအသုံးပြုသူတိုင်း မရှိမဖြစ်လိုအပ်တဲ့ အရာတွေထဲ မှာ memory stick ကလည်း အဓိက အစိတ် ပိုင်းတစ်ခုပါပဲ၊အရေးကြီးဖိုင်တွေ ဓာတ်ပုံတွေ၊သတင်းအချက်လက်တွေကို သိမ်းဆည်းပေးရတဲ့ stick ကို မပျောက်ဆုံးအောင် ထိန်းသိမ်းရတာလည်း တစ်ကယ့်ကိုကြီးမားတဲ့ ဝန်တစ်ခုလိုပါပဲ။
ဒါပေမယ့်အခုစာဖတ်သူတွေကို မိတ်ဆက်ပေးမယ့် stick အမျိုးစားကတော့fancy အနေနဲ့အသုံးပြုလို့ရတဲ့ လက်ကောက် ပုံသဏ္ဍန်ပြုလုပ်ဖန်တီးပေးထားတာကိုမြင်တွေ့ရမှာပါ။
သရေကြိုးနဲ့ပြုလုပ်ဖန်တီးပေးထားပြီး အမျိုးသားကော အမျိုးသမီးပါ ဝတ်ဆင်မယ်ဆိုရင်လည်း သင့်တော်စေ မှာပါ။ဒါကြောင့် ဘယ်သွားသွားအိပ်ထဲထည့်စရာမလိုပဲ နေ့စဉ်ဝတ်နေကျ နာရီတို့ လက်ကောက်တို့လို ဝတ်ဆင်အသုံးပြုလို့ရတဲ့အတွက် မေ့ကျန်ခဲ့မှာ စိုးရိမ်စရာမလိုတော့သလို အမေ့ကြီးသူတွေ အတွက်တော့ အဆိုပါ USB Stick ကအဆင်ပြေစေမှာပါ။
ပြည်တွင်းဈေးနှုန်း ဘယ်လောက်ကျသင့်တယ်ဆိုတာ မသိပေမယ့် နိုင်ငံတကာ အွန်လိုင်းစတိုးမှာတော့ ၁၁ ဒေါ်လာဝန်းကျင်နဲ့ ရောင်းချပေး နေတယ်လို့သိရပါတယ်။
Ref:techblog
Khun Nay(August Myanmar Media Group)

No comments:
Post a Comment