Saturday, 27 July 2013
India နိုင်ငံ မွန်ဘိုင်း Wadala,Bhakti Park မှာတည်ရှိတဲ ရေကူးကန်ပါ။လူတွေရဲ့ အမြင်အာရုံကို ပုံမှန် ထက်ဆန်းသစ်အောင် ဖန်တီးထားတဲ့အဆိုပါရေကူးကန်ဟာ နယူးယောက်မြို့ပုံရိပ်ကို ကောင်းကင်ယံမှ ရိုက်ကူးထားပြီး ရေကူးကန်ကြမ်းပြင်မှာ ရေးဆွဲထားတာကို ထူးခြားစွာမြင်တွေ့ရမှာပါ။
အကြောင်းကတော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရာသီဥတုပြောင်းလည်းဖောက်ပြန်မှု၊ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာမှုတို့ကြောင့်နှောင်နှစ်ပေါင်းများစွာကြာမြင့်လာပါက ကမ္ဘာပေါ်မှာရှိသမျှ
မြို့တွေအားလုံးဟာ ပင်လယ်ရေအောက်ကိုရောက်ရှိသွားမှာ ဖြစ်တယ်ဆိုတဲ့အကြောင်းကို ပုံဖော်ရေးဆွဲ ထားခြင်းဖြစ်တယ်။
ဓာတ်ပုံဆရာရဲ့  ရိုက်ကူးဖန်တီးမှုနဲ့အတူ လာရောက်အပန်းဖြေသူတိုင်းကိုပီပြင်စွာသတိပေး ဖော်ပြထား တာကို ယခုလိုမြင်တွေ့ရမှာပါ။
Ref:Know
Khun Nay(August Myanmar Media Group)

No comments:
Post a Comment