Saturday, 27 July 2013
မြန်မာနိုင်ငံတွင် ပြုလုပ်အကောင်အထည် ဖော်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် စက်မှုဇုန် တည်ထောင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ရန် ထိုင်းနိုင်ငံ အခြေစိုက် Rojana စက်မှုကုမ္ပဏီက သဘောတူလိုက်ပြီ ဖြစ်သည်။
ပူးပေါင်းလုပ်ဆောင်ရာတွင် Rojana ကုမ္ပဏီက စက်မှုဇုန်တည်ထောင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းသုံး ယာဉ် စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းထိ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး ဘုတ် အဖွဲ့ဥက္ကဋ္ဌ၏ အကြီးတန်း အကြံပေးအရာရှိနှင့် ထားဝယ် စီမံကိန်း မန်နေဂျာ Kiwamu Honda က ပြောဆိုခဲ့သည်။
ယခုကုမ္ပဏီကြီး နှစ်ခု၏ ပူးပေါင်းဆောင်ရွက်မှုကို ယခုရက်သတ္တပတ် နှောင်းပိုင်း သို့မဟုတ် ရှေ့ရက်သတ္တ ပတ် အစောပိုင်းတွင် တရားဝင် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။
ထားဝယ်စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပြုလုပ်နေသည့် အထူးစီးပွားရေးဇုန်စီမံကိန်း သုံးခုထဲမှ တစ်ခုအပါ အ၀င် ဖြစ်သည်။ အခြားအထူးစီးပွားရေးဇုန် နှစ်ခုမှာ သီလ၀ါ စီမံကိန်းနှင့် ကျောက်ဖြူစီမံကိန်းတို့ ဖြစ်သည်။ ယခုထားဝယ် စီမံကိန်းသည် ဆိပ်ကမ်းနှင့် အခြေခံအဆောက်အဦများ ပါဝင်သော အခြေခံပထမအဆင့် အတွက် ဒေါ်လာ ၈ ဒဿမ ၅ ဘီလျံ ကုန်ကျမည် ဖြစ်သည်။ ထို့နောက် ရေနံသန့်စင် ထုတ်လုပ်ရေးနှင့် သံမဏိစက်ရုံတို့ ပါဝင်သော စက်မှုဇုန်အကြီးစား ထူထောင်ရေးအတွက် ဒေါ်လာ ၅၀ ဘီလျံထိ ကုန်ကျ မည်ဖြစ်သည်။
ထားဝယ်ဆိပ်ကမ်း စီမံကိန်းအတွက် အခြေခံလမ်းများနှင့် အသေးစားဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်း များမှာ ပြီးစီးတော့မှာ ဖြစ်ကြောင်း Mr. Honda ကပင် ဆက်လက်ပြောကြားသည်။ Rojana ကုမ္ပဏီသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ရန်ကုန်မြို့ အနီးနားတွင် စက်မှုဇုန်တစ်ခု တည်ထောင်ရန်အတွက် ကမ်းလှမ်းမှု များပြုလုပ်ခဲ့ဖူးသေးသည်။ သို့သော် ထိုအချိန်က စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံတွင် စီးပွားရေးအရ ဥပဒေများ ရှင်းလင်းစွာ ပြုလုပ်ထားခြင်း မရှိသောကြောင့် စီမံကိန်း အကောင်အထည် ဖော်ဖြစ်ခြင်း မရှိ ခဲ့ပါ။ ယခုထားဝယ် စီမံကိန်းနှင့် ပတ်သက်၍ Rojana ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာက ပြောကြားရာ တွင် ''မြန်မာဟာပြောင်းလဲသွားပြီး လွတ်လပ်နေပြီဖြစ်တဲ့အတွက် ဒီအချိန်ဟာ မြန်မာနိုင်ငံမှာ ပြန်လည်မြှုပ် နှံဖို့ သင့်တော်တဲ့ အချိန်ပါပဲ။ မြန်မာနိုင်ငံကိုပြန်လည်ဝင်ရောက်ဖို့ ဆုံးဖြတ်ပြီးချိန်မှာ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအကြောင်းကို ကောင်းကောင်းသိတဲ့ တွဲဖက်လုပ်ကိုင်မယ့်သူကို ရှာဖွေရပါလိမ့်မယ်'' ဟု ပြော
ကြားခဲ့သည်။
eleven media group
No comments:
Post a Comment