Tuesday, July 09, 2013

"ကြားဖြတ်အစိုးရ၏ ရွေးကောက်ပွဲအချိန်ဇယားကို Muslim Brotherhood ပယ်ချ"


Tuesday, July 9, 2013

အီဂျစ်ကြားဖြတ်အစိုးရက အဆိုပြုလိုက်သည့် ရွေးကောက်ပွဲအချိန်ဇယားကို မွတ်ဆလင်မ် ညီအစ်ကိုတော် များအဖွဲ့ (Muslim Brotherhood) က ပယ်ချလိုက်သည်။ ကြားဖြတ်အစိုးရခေါင်းဆောင် အက်ဒလီမန်ဆာ က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ထုတ်ပြန်ကြေညာချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် လာမည့် ၆ လအတွင်း လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်ရန် လျာထားသည်။ ထို့နောက် လွှတ်တော်အသစ်၏ ပထမဆုံးအကြိမ်အစည်းအဝေး ကျင်ပးပြီးနောက် သမ္မတရွေးကောက်ပွဲကို ပြုလုပ်မည် ဖြစ်သည်။


ကြားဖြတ်အစိုးရ၏ ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ကြေညာချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အချိန် ကာလ ၄ လခွဲအတွင်း ပြင်ဆင်ရမည်ဖြစ်သည်။

မွတ်ဆလင်မ် ညီအစ်ကိုတော်များအဖွဲ့သည် အီဂျစ်တွင် သြဇာကြီးများသည့် အဖွဲ့ဖြစ်ပြီး အီဂျစ်စစ်တပ်က ကြားဝင်ဖိအားပေးကာ ဖြုတ်ချခံခဲ့ရသည့် သမ္မတဟောင်း မော်စီမှာ မွတ်ဆလင်မ်ညီအစ်ကိုတော်များအဖွဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

အီဂျစ်တွင် မော်စီအား ဖြုတ်ချခဲ့ပြီးနောက်ပိုင်း စစ်တပ်နှင့် မော်စီ ထောက်ခံသူများကြား အဓိကရုဏ်းများ ပေါ်ပေါက်လာမှုကြောင့် အနည်းဆုံး ၇၅ ဦးသေဆုံးခဲ့သည်။

Planet Myanmar Network

No comments: