Friday, 23 August 2013
ဆွစ်ဇာလန်ကထုတ်လိုက်တဲ့ စမတ်နာရီအမျိုးအစားပါ။ယခင် ထွက်ရှိပြီး Nokia Lumia 1020 စမတ်ဖုန်းနဲ့ ကင်မရာ megapixel ချင်းယှဉ်လာနိုင်မယ့် ပထမဆုံး စမတ်နာရီအမျိုးအစား ဖြစ်တယ်လို့သိရပါတယ်။
Bluethooth,Wifi တို့နဲ့စမတ်ဖုန်းတို့ကိုချိတ်ဆက်အလုပ်လုပ်မယ့် သာမန် စမတ်နာရီအမျိုးအစားဆိုပေမယ့် 41MP ရှိတဲ့ ကင်မရာ စွမ်းဆောင်ရည်ကအခြားစမတ်နာရီတွေထက်သာလွန် ကောင်းမွန်နေခြင်းဖြစ်တယ် လို့ သိရပါတယ်။
မျက်နှာပြင်အရွယ်အစား၊ ပါဝင်တဲ့ Features တွေကိုအသေးစိတ် ပြောဆိုထားခြင်း မရှိပေမယ့် အခြားစမတ် နာရီတွေလို စမတ်ဖုန်းနဲ့ ချိတ်ဆက်အလုပ်လုပ်မယ့် အမျိုးအစားပါ။
ကမ္ဘာဈေးအကြီး ဆုံးနာရီတွေကိုသာထုတ်တဲ့ Swiss made ဆိုတဲ့အတိုင်း အဆိုပါစမတ်နာရီအမျိုးအစား ကိုတော့ အမေရိကန်ဒေါ်လာ ၁၂၀၀(ပေါင်-၈၀၀)ဝန်းကျင်နဲ့ဖြန့်ချိရောင်းချ ပေးမယ်လို့သိရပါတယ်။
စမတ်ဖုန်းတွေအလွန် စမတ်နာရီတွေရဲ့ ဈေးကွက်အတွင်းကို ဆွစ်ဇာလန် ထုတ် 41MPကင်မရာစမတ်နာရီ ကတော့ အခြားပြိုင်ဘက်တွေနဲ့ အတူ ယှဉ်ပြိုင်လာဖွယ်ရှိတယ်လို့ ဝေဖန်သူတွေကသုံးသပ်ပြောဆိုနေ ကြောင်း သိရပါတယ်။
Ref:Gadgetshow
Khun Nay(August Myanmar Media Group)

No comments:
Post a Comment