Friday, August 23, 2013

အမေရိကန်တွင် ဖြစ်ပေါ်လာမည့် ပိုက်လိုင်း ပို့ဆောင်ရေး စနစ်


Friday, 23 August 2013


အမေရိကန်အခြေဆိုက် လျှပ်စစ်ဓာတ်အားသုံး ကားသီးသန့် ထုတ်လုပ် နေတဲ့ Telsa ရဲ့  တရားဝင် ကြေညာချက် ဖြစ်ပါတယ်။ ၎င်းတို့ ကြေညာ၊ ထုတ်ဖော်ပြသချက်အရ ကမ္ဘာ့ပထမဆုံး ပိုက်လိုင်း ပို့ဆောင် ဆက်သွယ်ရေးနစ်ကို ဖန်တီးမှာ ဖြစ်ကြောင်း သိရပါတယ်။

နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး မော်တာကို လည်ပတ်စေပါမယ်။ ပြီးတော့ ပိုက်လိုင်းထဲက လေကို ထုတ်ပြီး လေဟာနယ် ဖြစ်စေပါမယ်။ လေဟာနယ် ဖြစ်သွားတဲ့ ပိုက်ထဲမှာ ယာဉ်တွေ သွားလို့ရအောင် အားတစ်ခုနဲ့ တွန်းပို့ပေးမှာ ဖြစ်ပါတယ်။ တီထွင်သူ ပညာရှင်တို့ရဲ့  ထူးခြားဆန်းသစ်တဲ့ အိုင်ဒီယာကြောင့် ကမ္ဘာတစ်ဝန်းက ဆက်သွယ်ရေး နည်းပညာသစ် စောင့်ကြည့်သူ တွေကို အံ့သြစေခဲ့ပါတယ်။


ပထမဦးဆုံးအနေနဲ့ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်ကနေ ဝါရှင်တန် ဒီစီအထိ ဆက်သွယ်မယ့် ပိုက်လိုင်းကို စတင်မှာ ဖြစ်ပါတယ်။ ပိုက်လိုင်းထဲမှာ စနစ်တကျ ပြုလုပ်ထားတဲ့ ယာဉ်တန်းများ ထည့်သွင်း ထားပြီး အလှည့်ကျ ခရီးသွားမှာ ဖြစ်ပါတယ်။ တစ်နာရီကို မိုင်ပေါင်း ဘယ်လောက်ထိ သွားနိုင်မယ်ဆိုတာ မသိသေးပါဘူး။ သေချတာ ကတော့ လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ အမြန်ပြေး သံလိုက်ရထားတွေရဲ့  ပြေးနှုန်း ထက်မလျော့စေရဘူးလို့ အာမခံထားပါတယ်။

စွမ်းအင်ကလည်း နေရောင်ခြည်ကို အသုံးပြုခြင်း ဖြစ်တဲ့အတွက် ကုန်ကျစရိတ် သက်သာမယ့် ပို့ဆောင် ဆက်သွယ်ရေး စနစ် ဖြစ်ပါတယ်။ ယင်း ပိုက်လိုင်းပို့ဆောင်ဆက်သွယ်ရေးစနစ်ကို Hyperloop လို့ အမည်ပေး ထားပြီး အမှန်တကယ် ဖြစ်မြောက်လာရန် စတင်ကြိုးပမ်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။
.
Stuff UK
Aung Kham (Stuff Myanmar)

No comments: