Tuesday, August 13, 2013

အင်းလေးဟိုတယ်ဇုံ စွန့်ပစ်မြေစာကြောင့် လယ်ပိုင်ရှင်နဲ့ ရဲကြားပဋိပက္ခဖြစ်


Tuesday, 13 August 2013


ရှမ်းပြည်နယ် ​အင်းလေးဟိုတယ်ဇုံ ​စီမံကိန်းရဲ့ ​စွန့်ပစ်မြေစာကိစ္စနဲ့ပတ်သက်ပြီး ​လယ်မြေသိမ်းဆည်းခံထား ရတဲ့ ​လယ်ပိုင်ရှင်နဲ့ ​စီမံကိန်းကို ​လုံခြုံရေးယူထားပေးတဲ့ ​ရဲတွေကြား ​သြဂုတ်လ ​၁၁ ​ရက်နေ့ ​အငြင်းပွားမှု​ဖြစ်ပွားခဲ့ရာကနေ ​ရဲ ​ကလယ်ပိုင်ရှင်ကို ​ကိုယ်ထိလက်ရောက် ​ရိုက်နှက်တဲ့အဆင့်ထိ ​ဖြစ်ပွားခဲ့တယ်လို့ ​သိရပါတယ်။

ရှမ်းပြည်တောင်ပိုင်း ​ညောင်ရွှေမြို့နယ် ​ကန်ပဲ့ကျေးရွာက ​လယ်ယာမြေပိုင်ရှင် ​မိသားစုဝင်တစ်ဦးဖြစ်တဲ့ ​ကိုအောင်ကျော်မျိုးက ​စီမံကိန်းကနေ ​မြေစာတွေ ​လာပုံတာကို ​တားဆီးရာကက ​ပြဿနာ ​စတင်ခဲ့တာလို့
ပြောပါတယ်။


လယ်ယာမြေကို ​စွန်ပစ်မြေစာတွေ ​လာပုံတယ်ပေါ့နော်၊ ​အဲ့ဒီအချိန်မှာ ​ကျနော်တို့ ​မိသားစုက ​တားတယ်၊ ​တားတဲ့အချိန်မှာ ​ရဲအင်အား ​၅၀ ​ကျော်ကနေပြီးတော့ ​အဲ့မှာ ​လုံခြုံရေးတွေ ​ချထားတယ်ဗျ၊ ​စွန့်ပစ်မြေစာတွေ ​မပုံပါနဲ့  ​ကျနော်တို့ ​လျှော်ကြေးငွေလည်း ​မယူထားဘူး ​ဒီနေရာမှာ ​ဆက်မလုပ်ပါနဲ့ ​ဆိုပြီးတော့ ​ကျနော်တို့ ​သွားရောက်တောင်းပန်တဲ့ ​အချိန်မှာ ​ခြံထဲမပေးဝင်ပဲနဲ့ကို ​သူတို့ရဲ့ ​ကာဘာတွေနဲ့ ​ကာထားတယ်ပေါ့ ​အဲ့ဒီလို ​ကာထားတဲ့ ​အချိန်မှာ ​ကျနော့် ​မိဘတွေက ​အရင်ဝင်သွားတယ်ဗျ၊ ​ခြံထဲဝင်တော့ ​ကျနော့်အကိုက ​မပေးဝင် ဘူးဗျ၊ ​ကျနော့်အကိုကို ​မပေးဝင်ပဲနဲ့ ​နမ့်ပန်စခန်းမှူး ​စိုင်းနော်ခမ်းလွင် ​ကနေပြီးတော့ ​ကျနော့် ​အကိုကို ​လည်ပင်းကို ​စောင့်ကန် ​လိုက်တယ်ဗျ၊ ​နောက်ပြီး ​ပါးကိုလည်း ​ပိတ်ရိုက်လိုက်တယ်ဗျ၊ ​အဲ့ဒီ ​အချိန်မှာ ​ဒဏ်ရာလည်း ​ရ ​သွားတယ်ဗျ၊ ​စခန်းမှူး ​စိုင်းနော်ခမ်းလွင် ​ကနေ ​သူတစ်ယောက်တည်းပဲရိုက်တယ်ဗျ၊ ​ဒီ ​လည်ပင်း ​မှာ ​ဒဏ်ရာရထားတယ်ဗျ ​အဲ့ဒါ ​ဆေးရုံမှာ ​သွားပြတဲ့ ​အချိန်မှာ ​လည်ပင်းကိုလည်း ​ဓါတ်မှန်ရိုက်ဖို့ ​လမ်းညွန်ထားတယ်ဗျ။

အရိုက်ခံရသူ ​ကိုအောင်ကျော်မျိုးရဲ့ ​အစ်ကိုဖြစ်သူဟာ ​ကိုသိန်းထွန်း ​ဖြစ်ပြီးလောလောဆယ် ​လည်ပင်းမှာ ​ပြင်းထန်တဲ့ ​ဒဏ်ရာရရှိထားတဲ့အတွက် ​အစာမျိုချ ​လို့မရ ​ရေသောက်မရ ​ဖြစ်နေပြီး ​ဆေးကုသမှု ​ခံယူနေရ
တယ်လို့လည်း ​ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ရိုက်နှက်ခဲ့တယ်လို့ ​ပြောဆိုခဲ့တဲ့ ​စခန်းမှူး ​စိုင်းနော်ခမ်းလွင်ကို ​ဆက်သွယ်မေးမြန်းဖို့ ​ဆက်သွယ်ခဲ့ပေမယ့် ​တယ်လီဖုန်းလိုင်း ​အခက်အခဲကြောင့် ​ဆက်သွယ်လို့မရခဲ့ပါဘူး။

အငြင်းပွားမှုဖြစ်တဲ့ ​ဒီစီမံကိန်းမြေနေရာဟာ ​လယ်သမား ​၈၃ ​ယောက်ထံကနေပြီး ​လွန်ခဲ့တဲ့ ​၂၀၁၂ ​ခုနှစ် ​နိုဝင်ဘာလမှာ ​ရှမ်းပြည်နယ်အစိုးရကနေ ​အတင်းအဓ္မသိမ်းယူခဲ့ပြီးနောက် ​လယ်ဧက ​၆၀၀ ​ကျော်ကို ​တစ်ဧကကို ငွေကျပ် ​၁၂ ​သိန်းနှုန်းနဲ့ ​လျှော်ကြေးတွေ ​ပြန်ပေးခဲ့တယ်လို့ ​သိရပါတယ်။

ဒါပေမယ့် ​လျော်ကြေးငွေကို ​ကိုသိန်းထွန်း ​တို့မိသားစု ​အပါအ၀င် ​လယ်ယာမြေပိုင်ရှင် ​၁၃ ​ဦးက ​လျှော်ကြေး ငွေ ​လက်မခံခဲ့ဘူးလို့ ​ကိုအောင်ကျော်မျိုး ​က ​အခုလို ​ပြောပါတယ်။

ဒီ ​ကျနော်တို့ ​မယူဘူးဆိုတာ ​ကျနော်တို့ ​လယ်ယာမြေက ​အမှန်တကယ်လည်း ​စိုက်ပျိုးတဲ့ ​လယ်ယာမြေ ပေါ့နော်၊ ​ကျနော်တို့လည်း ​တိုင်စာ ​တွေအဆင့်ဆင့်ပို့ထားတယ်။ ​နောက်ပြီး ​စုံစမ်းစစ်ဆေးရေး ​အဖွဲ့တွေ ကလည်း ​ဒီ ​ဦးတင်ထွဋ္ဋ် ​တို့လယ်ယာမြေ ​စုံစမ်းစစ်ဆေးတဲ့ ​အဖွဲ့တွေက ​ရောက်လာပြီးပြီပေါ့နော့်၊ ​သူတို့ရဲ့ ​တင်ပြမှုတွေကိုလည်း ​ကျနော်တို့ ​ဒီ ​လွတ်တော်မှာဆွေးနွေးတာတွေလည်း ​ကျနော်တို့ ​စောင့်မျှော်နေတာ ပေါ့ ​ပြီးတော့ ​ဒီ ​ကျနော်တို့ ​ပေးတဲ့ ​လျော်ကြေးငွေကလည်း ​ခေတ်ကာလပေါက်ဈေးနဲ့ ​လည်း ​မညီဘူး ပေါ့နော့်။ ​သီးနှံလျှော်ကြေး ​ပေးပြီးတော့ ​မြေကိုစွန့်လွတ်ခိုင်းတယ်ဗျ၊ ​ဒီ ​ခေတ်ကာလပေါက်ဈေးထက် ​ကျနော်တို့ကတော့ ​မြေ ​ပြန်ပေးဖို့ ​အလိုချင်ဆုံးဗျ၊ ​ကျနော်တို့မှာဆိုရင် ​ဒီ ​သူတို့ ​အမျိုးမျိုးခြိမ်းခြောက်တာနဲ့ ​အင်မတန် ​စိတ်ဆင်းရဲမှုတွေ ​ခံနေရတယ်ဗျ။

လျှော်ကြေးငွေမယူတဲ့အတွက်ကြောင့်ဆိုပြီး ​တာဝန်ဝတ္တရားနှောက်ယှက်မှု ​ပုဒ်မ ​၃၅၃၊ ​ပုဒ်မ ​၁၈၈၊ ​ပုဒ်မ ​၅၀၅ ​တွေနဲ့ ​တရားစွဲဆိုထားပြီး ​အမှုရင်ဆိုင်နေရတယ်လို့လည်း ​သိရပါတယ်။

ရိုက်နှက်ခံခဲ့ရတဲ့ ​ကိုသိန်းထွန်းရဲ့လယ်ယာမြေပိုင်ရှင်မိသားစုဝင်တွေကတော့ ​ထိထိရောက်ရောက် ​အရေးယူ ပေးဖို့နဲ့ ​လယ်ယာမြေတွေ​ပြန်လည်ရရှိဖို့အတွက် ​သမ္မတ ​ဦးသိန်းစိန် ​အထိ ​တိုင်ကြားသွားဖို့ ​ပြင်ဆင်နေ တယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

ABC

No comments: