Tuesday, August 13, 2013

နိုင်ငံခြားအလုပ် လိမ်ညာတဲ့ပွဲစားကို အပြစ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အတည်ပြု


Tuesday, 13 August 2013


ဘင်္ဂလားဒေ့ရှ် ​အစိုးရက ​နိုင်ငံခြားမှာ ​အလုပ်စီစဉ်ပေးမယ်ဆို ​ပြီး ​လိမ်ညာတဲ့ ​ပွဲစားတွေကို ​အရေးယူ ​ပြစ်ဒါဏ်ပေးတဲ့ ​ဥပဒေကြမ်းကို ​အတည်ပြုလိုက်ပြီလို့ ​သိရပါတယ်။

ဒီလိမ်ညာမှုတွေကြောင့် ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံသားတွေဟာ ​စာရွက်စာတန်း ​မပြည့်မစုံနဲ့ ​နိုင်ငံခြားမှာ ​သွားအလုပ်လုပ်ကြဖို့၊ ​လစာနည်းတဲ့ ​အလုပ်တွေကို ​စွန့်ပြီး ​အရှုံးတွေနဲ့ ​ရင်ဆိုင်ခဲ့ရတယ်လို့ ​ဆိုပါတယ်။


ဒီလိုလိမ်ညာမှုတွေနဲ့ ​အပြစ်ထင်ရှားတွေ့ရှိခဲ့ရင် ​အလုပ်သမားပွဲစားတွေကို ထောက်ဒါဏ် ​၁၀ ​နှစ် ​ဒါမှမဟုတ် ​ဒါဏ်ငွေဒေါ်လာ ​၆၀၀၀ ​ပေးဆောင်ရမှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ပွဲစားတွေကို ​အလုပ်လုပ်လိုသူတွေက ​ရှိသမျှစုငွေတွေ ​ပုံပေးပြီး ​စာရွက်စာတန်း ​အတုတွေနဲ့ ​နိုင်ငံခြားကနေ ​လက်လွတ်ဘာလာ ​ပြန်လာ ​ကြရတဲ့ ​အဖြစ်တွေ ​များလွန်းတဲ့ ​အတွက်ကြောင့် ​အစိုးရ ​ကနေ ​အခုလို ​ဥပဒေ ​ထုတ်ပြန်ခဲ့တာ ​ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ​နိုင်ငံအတွက် ​နိုင်ငံခြားက ​အများဆုံးဝင်ငွေဟာ ​ပြည်ပရောက် ​အလုပ်သမားထုတွေရဲ့ ​လုပ်အားလစာကနေ ​ဖြစ်ပြီး ​- ​ပြီးခဲ့တဲနှစ်က ​ဒေါ်လာ ​၁၄ ​ဘီလီယံ ​အထိ ​ဝင်ငွေရရှိ ​ခဲ့တယ်လို့ ​ဆိုပါတယ်။

ABC

No comments: