Thursday, August 22, 2013
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်မှုနဲ့ သံသယဖြစ်နေတဲ့ အမျိုးသားလေးဦး ကို အင်ဒိုနီးရှားရဲတွေဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
သံသယဖြစ်ဖွယ်ရာ လူလေးဦးကို စနေနေ့ကနေ အင်္ဂါနေ့အထိ လိုက်လံဖမ်းဆီးမိခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ ဖမ်းမိတဲ့ အမျိုးသားနှစ်ဦးဟာ အကြမ်းဖက်မှုနဲ့ ထောင်ဒဏ်ရှစ်နှစ် ကျခံရဖူးသူတွေ ဖြစ်ပြီးတော့ ၂၀၀၈ ခုနှစ်ကမှပြန်လွတ်လာတာဖြစ်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ronny Sompie က ပြောပါ တယ်။
မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ မွတ်စလင်တွေကြားက ပဋိပက္ခတွေဟာ အင်ဒိုနီးရှား နိုင်ငံမှာရှိတဲ့ မွတ်စလင်လူမျိုးတွေကို အမျက်ဒေါသ ပိုမိုတိုးပွားစေခဲ့ပြီး အခုဖမ်းဆီးမိတဲ့အမျိုးသားလေးဦး ဟာ မြန်မာသံရုံးကိုဗုံးခွဲဖို့ ကြံစည်မှုမှာ ပါဝင်တယ်လို့ သံသယဖြစ်ခံထားရသူတွေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။
မေလ ၂ရက်နေ့တုန်းက မြန်မာသံရုံးကို ဗုံးခွဲဖို့အတွက် ကျောပိုးအိတ်ထဲမှာ လက်လုပ်ဗုံး ငါးလုံးသယ်ဆောင် လာတဲ့ အမျိုးသား ၂နှစ်ဦးကို အင်ဒိုနီးရှားရဲတွေကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အကြာသေးခင်ကပဲ ဂျာကာတာမှာရှိတဲ့ အက္ကယာန ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို မွတ်စလင် စစ်သွေးကြွ အဖွဲ့တဖွဲ့ကနေ ဗုံးခွဲတိုက်ခဲ့ပြီး လူတဦးအနည်းငယ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ABC
No comments:
Post a Comment