Tuesday, August 27, 2013
ဂုဏ်ရှိန်ဝင့်ထည်ကစင်ကာပူမှာအလင်းကောက်ကြောင်း ဓာတ်ပုံ အဖွဲ့နဲ့ ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့သလို သူ့ရဲ့ ညှို့စီးရီးကို လည်း အဲဒီအဖွဲ့က ဗီစီဒီ ၂ပုဒ် ရိုက်ပေးခဲ့တယ်လို့ ပြောပါတယ်။ စင်ကာပူမှာတော့ ခပ်ဟော့ဟော့ ပုံတွေပဲ ရိုက်ဖြစ်ခဲ့တယ်လို့ ပြောပြီး ကြော်ငြာ ၂ခုကိုလည်း စင်ကာပူမှာ လက်ခံရိုက်ကူးခဲ့တယ်လို့သိရ ပါတယ်။
စင်ကာပူမှာ ကျော်ကျော်ဗို နဲ့ ဓာတ်ပုံ ရိုက်တာတွေ့လို့မေးကြည့်တော့"ကိုကျော်ကျော်ဗို က စင်ကာပူကို သူ့အလုပ်ကိစ္စနဲ့လာတာပါ။ အလင်းကောက်ကြောင်းက အစ်ကိုတွေနဲ့ သူကခင်တော့ကူညီတဲ့အနေနဲ့ ရိုက်ပေးခဲ့တာပါ" လို့ ပြောပါတယ်။ ၉လပိုင်းမှာ စင်ကာပူကို နောက်တစ်ခေါက်ထပ်သွား ဖို့ရှိပြီး နောက် တစ်ခေါက်ထပ်သွားမှာကတော့အလင်းကောက် ကြောင်းအဖွဲ့နဲ့ မြန်မာဆန်တဲ့ဝတ်စုံတွေနဲ့ဓာတ်ပုံ ရိုက်ဖို့ ပါပဲလို့ဂုဏ်ရှိန်ဝင့်ထည် ကပြောပါတယ်။ ဂုဏ် ရှိန်ဝင့်ထည်ရဲ့ပုံတွေကို ဖေ့စ်ဘုတ် ပရိသတ်ဆီ ကဘာသံတွေ ကြားရလဲမေးတော့ "ပရိသတ်တွေကတော့ အားပေးကြ တာရှိသလို၊ ဝေဖန်ကြတာလည်းရှိပါတယ်။
အားပေးတဲ့လူတွေကြောင့် ပျော်ရသလိုဝေဖန်တဲ့လူတွေတချို့ကြောင့် စိတ်မကောင်း ဖြစ်မိတာရှိပါတယ်"လို့ ပြောပါတယ်။ ဂုဏ်ရှိန်ဝင့်ထည်က သူ့ရဲ့ညှို့ဗီစီဒီကိုလည်း ၉ လပိုင်း မှာ ထွက် နိုင်ဖို့ကြိုးစားနေပြီး ၉ လပိုင်း အမီထွက်ရင်တော့ စင်ကာပူမှာလည်း ပရို မိုးရှင်းပွဲလုပ်ဖို့ စီစဉ်မယ်လို့ပြောပါတယ်။
တချို့အဆိုတော်တွေက ဗီစီဒီလုပ်မယ့် ငွေကို ဗီစီဒီမလုပ်တော့ဘဲ နောက်ထပ် တစ်ခွေလုပ်ကြ တာရှိတယ်။ ဂုဏ်ရှိန် ဝင့်ထည်ကောဘာလို့ ဗီစီဒီလုပ်တာလဲလို့ မေးတော့ "ရှိန့်ကို ပြောကြ တဲ့လူတွေတော့ရှိတယ်။ အဲဒီ လိုပါလားပေါ့။ ဒါပေမဲ့ ကိုယ်က လည်းအနုပညာကို သေချာ လေးလုပ်ထားတာ မို့ပရိသတ်ကို ချပြချင်လို့ လုပ်ဖြစ်တာပါ" လို့ပြောပါတယ်။
ဂုဏ်ရှိန်ဝင့်ထည်ကို ဆွီဒင် က မြန်မာဓာတ်ပုံ အဖွဲ့ကလည်း ဓာတ်ပုံ ရိုက်ဖို့ ကမ်းလှမ်းထားတာ ရှိတယ်လို့ သိရပါတယ်။
နေကွန်းထင်
Popular Journal

No comments:
Post a Comment